ဘန်ကောက်က မြန်မာသံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုး တန်းစီသူ ထောင်နဲ့ချီရှိ

ဘန်ကောက်က မြန်မာသံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုး တန်းစီသူ ထောင်နဲ့ချီရှိ

ဇန်နဝါရီ ၇ ရက်၊ Migrant Times
  • မြန်မာနိုင်ငံတွင်းက ပတ်စ်ပို့ရုံးပိတ်ထားတာနဲ့ ချင်းမိုင်က ကောင်စစ်ဝန်ရုံးပိတ်ထားတာတွေကြောင့် ထိုင်းနိုင်ငံမှာ‌ ရောက်ရှိနေတဲ့ ပတ်စ်ပို့သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသား ၃၀၀၀ ကျော်ဟာ ဒီနေ့မှာ ပြန်လည်ဖွင့်လှစ်တဲ့ ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ ကြိတ်ကြိတ်တိုး တန်းစီနေကြပါတယ်။“ အဓိက သူတို့ပါပိတ်လိုက်ရင် ကျွန်မတို့ သက်တမ်းတိုးဖို့ခက်သွားမှာ။ အနည်းဆုံး ရက်ချိန်းပေးတဲ့ စလစ်လေးရှိထားရင်ကို တစ်ခုခုဖြစ်လာရင် ဖြေရှင်းဖို့လွယ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လာရတာပါ ” လို့ ပတ်စ်ပို့တန်းစီနေသူတစ်ဉီးဖြစ်တဲ့ မစိုးစန္ဒာက Migrant Times ကို ပြောပါတယ်။ဒီလိုသက်တမ်းတိုးလုပ်ဖို့ ရက်ချိန်း တိုကင်တန်းစီရာမှာ နံနက် ၄ နာရီကတည်းက လာ‌ရောက်တန်းစီသူတွေရှိပြီး ရာသီဉတုနဲ့ လူအုပ်ဒဏ်ကြောင့် မူးလဲသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ဒါနဲ့ပတ်သက်လို့ MWRN က ဉီးအောင်ကျော်က“ ကျွန်တော်ကတော့ ထိုင်း‌ရောက်မြန်မာတွေနဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်တော့မယ်ဆိုရင် ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး သေချာအစီအစဉ်ဆွဲပြီး လုပ်စေချင်တယ်။ အခုသက်တမ်းတိုးတဲ့ ကိစ္စဆိုရင်လည်း ဘယ်နေ့အထိလုပ်ပေးမယ်လို့ သတ်မှတ် ကြေညာတာတွေ ဉပမာ အွန်လိုင်းကနေလည်း လုပ်လို့ရနိုင်အောင် စီစဉ်တာမျိုးတွေ လုပ်သင့်တယ်။ အခုတော့ စိုးရိမ်စိတ်တွေနဲ့ နေထိုင်လုပ်ကိုင်နေရတယ် ” လို့ မှတ်ချက်ပြုပါတယ်။
  • သံရုံးက ပတ်စ်ပို့ သက်တမ်းတိုးကိစ္စတွေကို ဇန်နဝါရီလ ၇ ရက်ကစပြီး အပတ်စဉ်စနေနေ့တိုင်း နံနက် ၉ နာရီကနေ မွန်းတည့် ၁၂ နာရီအထိ ရက်ချိန်းတိုကင်တွေ ပြန်ထုတ်ပေးမှာ ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၆ ရက်က ကြေညာထားပါတယ်။၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်ဆုံးသွားတဲ့ နိုင်ငံကူးလက်မှတ်တွေကို သက်တမ်းတိုးပေးဖို့ စီစဉ်ထားတာဖြစ်ပြီး စတင်ဖွင့်လှစ်တဲ့ရက်မှာ တန်းစီသူများပြားတာကြောင့် ကလေးပါရှိသူတွေနဲ့ ကျန်းမာရေး ချို့တဲ့သူတွေကို ဉီးစားပေး လုပ်ဆောင်ပေးခဲ့ပြီး မွန်းလွဲ ၃ နာရီအချိန်မှာတော့ လူတွေ ထောင်နဲ့ချီပြီးကျန်ရှိနေပါသေးတယ်။
(ယနေ့ ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ပတ်စ်ပို့သက်တမ်းတိုးလာလုပ်သည့် ထိုင်းရောက်မြန်မာများကို တွေ့ရစဥ် ဓာတ်ပုံ- Moe Khaing)                                       

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *