ထိုင်းရောက်မြန်မာတွေ ပတ်စ်ပို့သက်တမ်းတိုးဖို့ စနေနေ့တိုင်း ရက်ချိန်းတိုကင်ပေးမယ်လို့ ကြေညာ

ထိုင်းရောက်မြန်မာတွေ ပတ်စ်ပို့သက်တမ်းတိုးဖို့ စနေနေ့တိုင်း ရက်ချိန်းတိုကင်ပေးမယ်လို့ ကြေညာ
- ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ်(Passport)သက်တမ်းတိုးဖို့ စနေနေ့တိုင်း ဘန်ကောက်မြို့က မြန်မာသံရုံးမှာ ရက်ချိန်းတိုကင်ထုတ်ပေးမယ်လို့ အဲဒီသံရုံးက ဒီနေ့ညနေပိုင်းက ကြေညာပါတယ်။ဒီနေ့ ဘန်ကောက်မြို့က မြန်မာသံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးရက်ချိန်းတိုကင်ယူသူတွေ အဆမတန်များပြားခဲ့ပြီး တန်းစီ တိုကင်ယူရင်း မူးမေ့လဲသူတွေပါ ရှိခဲ့တာပါ။ဒီနေ့ ရက်ချိန်းတိုကင်ရရှိသူ ၆၁၄၂ ဉီးရှိခဲ့ပြီး တိုကင်ယူသူတွေကို စနစ်တကျတန်းစီပေးဖို့ သံရုံးက မေတ္တာရပ်ခံခဲ့ပေမယ့် မလိုက်နာတာကြောင့် လမ်းပိတ်ဆို့မှု၊ ကြန့်ကြာမှုတွေ ဖြစ်ခဲ့ကာ ကျန်းမာရေးမကောင်းသူတွေအနေနဲ့ အဆင်မပြေဖြစ်ခဲ့ရတယ်လို့ သံရုံးက ဆိုပါတယ်။ကိုယ်ဝန်သည်၊ လသားအရွယ် ကလေးငယ်နဲ့ မိခင်ေတွကို တန်းစီဖို့မလိုဘဲ သံရုံးရဲ့ ကောင်စစ်ခန်းမမှာ သီးခြားအစီအစဉ်နဲ့ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
- အပတ်စဉ် စနေနေ့တိုင်း ၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်သူတွေနဲ့ လအလိုက် သက်တမ်းကုန်သူတွေကို ရက်ချိန်းတိုကင် ဆက်လက်ထုတ်ပေးမှာဖြစ်တာကြောင့် စနစ်တကျတန်းစီပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့လည်း သံရုံးက မေတ္တာရပ်ခံထားပါတယ်။ဒီနေ့ သံရုံးမှာ ရက်ချိန်းတိုကင်ပေးရာမှာ ပါဝင်ကူညီဆောင်ရွက်ခဲ့သူတွေ၊ သံရုံးရှေ့လမ်းမမှာ သန့်ရှင်း ရေးဆောင်ရွက်ပေးခဲ့တဲ့ အကျိုးဆောင်တွေနဲ့ရက်ချိန်းတိုကင်လာရောက်ထုတ်ယူခဲ့တဲ့ မြန်မာနိုင်ငံ သားအားလုံးနဲ့ လုံခြုံရေးဆောင်ရွက်ပေးခဲ့တဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေကို အထူးကျေးဇူးတင်ရှိကြောင်းလည်း သံရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။


