ထိုင်းနိုင်ငံမှာ တရားမဝင်မြန်မာလုပ်သား ၁၄ ဦးနဲ့ ကလေး ၅ ဦး၊ ပွဲစား ၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမှာ တရားမဝင်မြန်မာလုပ်သား ၁၄ ဦးနဲ့ ကလေး ၅ ဦး၊ ပွဲစား ၃ ဦး ဖမ်းဆီးခံရ
- ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်ကနေ ချင်းမိုင်ခရိုင်ဘက်အလုပ်သွားလုပ်ဖို့လာကြတဲ့ တရားမဝင်မြန်မာလုပ်သား ၁၄ ဦးနဲ့ သူတို့ရဲ့ကလေး ၅ ဦး၊ပို့ဆောင်ပေးတဲ့ပွဲစား ၃ ဦးတို့ကို အဲဒီဒေသအာဏာပိုင်တွေဖမ်းဆီးမိခဲ့တယ်လို့ ဒေသသတင်းဌာန Maesaipress က ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်က ချင်းရိုင်းခရိုင်လူဝင်မှုကြီးကြပ်ရေးရဲဌာန ထောက်လှမ်းရေးရဲ့သတင်းပေးပို့မှုကြောင့် သက်ဆိုင်ရာအဖွဲ့တွေပူးပေါင်းပြီး တရားမဝင်မြန်မာလုပ်သား ပို့ဆောင်ရေးယာဉ် ၃ စီးကို ချင်းရိုင်းခရိုင်၊ မောင်မြို့၊ မဲခေါင့်သုံးကျေးရွာမှာ တားစီးစစ်ဆေးခဲ့တာပါ။
- အဲ့ဒီကား ၃ စီးမှာ မိဘနဲ့အတူလိုက်ပါလာတဲ့ ကလေး ၅ ဦးအပါအဝင် မြန်မာအမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၅ ဦးတို့ကို တွေ့ရှိခဲ့ပါတယ်။ဒါ့အပြင် သူတို့ကို ကားမောင်းလိုက်ပို့ပေးတဲ့ မြန်မာပွဲစား အမျိုးသား ၃ ဦးကိုပါ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ဖမ်းဆီးခံရသူတွေဟာ ထိုင်းမြောက်ပိုင်းနယ်စပ်ဘက်ကနေ ချင်းရိုင်းခရိုင်ဘက်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာပြီး ချင်းမိုင်ခရိုင်မှာ အလုပ်သွားရောက်လုပ်ကိုင်ကြမယ်လို့ သိရပါတယ်။သူတို့ဟာ မြန်မာနိုင်ငံ ဘယ်ဒေသကနေ ပွဲစားခဘယ်လောက်ပေးပြီး ဝင်လာရသလဲဆိုတာကို အတိအကျမသိရသေးပါဘူး။သူတို့ကို ဘန့်ဒူရဲစခန်းမှာ လတ်တလော ထိန်းသိမ်းထားပြီး ဥပဒေအရအရေးယူမယ့်အပြင် စုံစမ်းစစ်ဆေးပြီး ဆက်စပ်သူတွေကို ထပ်မံဖမ်းဆီးမယ်လို့ သိရပါတယ်။

