ဂျပန်က မြန်မာလုပ်သား ၁၀၀၀ ကျော် ထပ်ခေါ်မယ်

ဂျပန်က မြန်မာလုပ်သား ၁၀၀၀ ကျော် ထပ်ခေါ်မယ်

ဇန်နဝါရီ ၃၁ ရက်၊ Migrant Times
  • ဂျပန်နိုင်ငံက မြန်မာလုပ်သား ၁၀၀၀ ကျော် ထပ်မံခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့၊ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။ဂျပန်နိုင်ငံက ကုမ္ပဏီနဲ့စက်ရုံလုပ်ငန်းတွေက မြန်မာလုပ်သားခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့အလုပ်ခေါ်စာ ၃၁၂ ခုမှာ လုပ်သား ၁၀၅၁ ဦးကို ခေါ်ယူဖို့ တင်ပြထားတယ်လို့ သိရပါတယ်။အခုအကြိမ်အလုပ်ကမ်းလှမ်းမှုဟာ ဂျပန်က မြန်မာအလုပ်သမားခေါ်ယူခဲ့တာမှာ အရေအတွက်အများဆုံးလည်း ဖြစ်ပါတယ်။” နှစ်အစမှာကို ဂျပန်ဘက်က အလုပ်သမားတွေအလုံးအရင်းနဲ့ ခေါ်ဖို့ပြင်လာတဲ့သဘောတွေ့ရတယ် ” လို့ အလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
  • အလုပ်ကမ်းလှမ်းမှုမှာ စိုက်ပျိုးရေး၊ စားသောက်ကုန်ဝန်ဆောင်မှုနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းတွေအတွက် အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။ဂျပန်နို​င်ငံဟာ ၂၀၂၂နှစ်လယ်ပိုင်းကစကာ မြန်မာအလုပ်သမားတွေကို ဆက်တိုက်ခေါ်ယူနေပြီး ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံ​ကို မြန်မာလုပ်သား၁၀၀,၀၀ ကျော် သွားရောက်ခဲ့ပါတယ်။ံလက်ရှိဂျပန်နိုင်ငံမှာ မြန်မာလုပ်သား ၄၅၀,၀၀ လောက်ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။                                                 

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *