ကိုရီးယားမှာ ဗီဇာမဲ့နေထိုင်သူတွေကို ပူးပေါင်းအဖွဲ့နဲ့ ဖမ်းဆီးမယ်

ကိုရီးယားမှာ ဗီဇာမဲ့နေထိုင်သူတွေကို ပူးပေါင်းအဖွဲ့နဲ့ ဖမ်းဆီးမယ်

ဖေဖော်ဝါရီ ၃ ရက်၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံမှာ မြန်မာအပါအဝင် ဗီဇာမဲ့နေထိုင်တဲ့နိုင်ငံခြားသားတွေကို ပူးပေါင်းအဖွဲ့နဲ့ ရှာဖွေဖမ်းဆီးမယ်လို့ တောင်ကိုရီးယားသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။စီမံချက်ကို မတ်လ ၃၁ ရက်အထိ ၂ လတာ ပြုလုပ်မှာဖြစ်ပြီး တရားရေးရာဝန်ကြီးဌာန၊ လဝက၊ ရဲ၊ အလုပ်သမားရေးရာဝန်ကြီးဌာန၊ ပင်လယ်ကမ်းခြေစောင့် ရဲ၊ အိုးအိမ်မြေနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ထမ်းတွေ ပူးပေါင်းဖမ်းဆီးမယ်လို့ သိရပါတယ်။
  • အဓိကဖမ်းဆီးမယ့်နေရာကကာရာအိုကေ သီချင်းဆိုခန်း​တွေ၊ အနှိပ်ခန်း​တွေ၊ တရားမဝင် စားသောက်ဆိုင်​တွေဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။အဲဒီစီမံချက်က တရားမဝင်နေထိုင်တဲ့ ဗီဇာမဲ့တွေကို ဦးတည်ပေမယ့် တရားဝင်လုပ်သားတွေလည်း သတိထားနေထိုင်သွားလာဖို့ မြန်မာလုပ်သားအရေးလှုပ်ရှားသူတွေက သတိပေးထားပါတယ်။
  • မြန်မာအလုပ်သမားတွေအနေနဲ့ ပတ်ဝန်းကျင်ထိခိုက်အောင်ဆူပူအော်ဟစ်တာ၊ ရန်ဖြစ်တာ၊ မူးယစ်ဆေးသုံးစွဲတာတွေမလုပ်ဖို့ သူတို့က အကြုံပြုပါတယ်။ဗီဇာမဲ့အလုပ်သမားတွေအနေနဲ့ ဖမ်းဆီးခံရရင် နေရပ်ပြန်ပို့ခံရမယ်လို့လည်း သတင်းတွေက ဆိုပါတယ်။တောင်ကိုရီးယားအစိုးရအနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းကလည်း သက်တမ်းကျော်နေထိုင်သူတွေ၊ ဗီဇာမဲ့တွေကို စီမံချက်နဲ့ လိုက်လံဖမ်းဆီးတာတွေ လုပ်ခဲ့ပါသေးတယ်။                                                                       

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *