တောင်ကိုရီးယားမှာ ဗီဇာမဲ့မြန်မာလုပ်သားတွေ ဖမ်းဆီးခံရ

တောင်ကိုရီးယားမှာ ဗီဇာမဲ့မြန်မာလုပ်သားတွေ ဖမ်းဆီးခံရ
- တောင်ကိုရီးယားနိုင်ငံမှာ ဗီဇာမဲ့နိုင်ငံခြားသားတွေကို စီမံချက်နဲ့ရှာဖွေဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံနေရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ကင်ဘိုမြို့က လုပ်ငန်းခွင်တစ်ခုမှာ မြန်မာလုပ်သားတစ်ဦးဖမ်းဆီးခံခဲ့ရပြီး သတင်းမထွက်ပေါ်ဘဲ နောက်ထပ်ဖမ်းဆီးခံရသူတွေလည်း ရှိနိုင်တယ်လို့ တောင်ကိုရီးယားရောက် မြန်မာလုပ်သားတွေက ဆိုပါတယ်။” အခုက စီမံချက်နဲ့ဖမ်းနေတာဆိုတော့ ဗီဇာမဲ့တွေ အတော်သတိထားရမယ့်အခြေအနေပါ။ ကိုယ့်နိုင်ငံသားတွေ အဖမ်းခံရတယ်ကြားတော့ စိတ်မကောင်းဘူး ” လို့ မြန်မာလုပ်သားအရေးကူညီနေသူတစ်ဦးက ပြောပါတယ်။
- ဗီဇာမဲ့ နိုင်ငံခြားသားတွေကို ဖမ်းမိရင် မိခင်နိုင်ငံဆီ ပြန်ပို့ခံရမှာဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရက အသိပေးထားပါတယ်။ဗီဇာမဲ့နိုင်ငံခြားသားတွေအနေနဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နောက်ဆုံးထားပြီး ကိုယ့်သဘောနဲ့ကိုယ်ပြန်မယ်ဆိုရင် ဒဏ်ကြေးနဲ့ လဝကဥပဒေ ဖြေလျှော့ပေးမယ်လို့လည်း ဆိုထားပါတယ်။တောင်ကိုရီးယားအစိုးရက ဖေဖော်ဝါရီလ ၁ ရက်ကစပြီး မတ်လ ၃၁ ရက်အထိ ဗီဇာမဲ့နိုင်ငံခြားသားတွေကို ပူးပေါင်းအဖွဲ့တွေနဲ့ ဖော်ထုတ်ဖမ်းဆီးမှာဖြစ်တယ်လို့ကြေညာထားပါတယ်။ဗီဇာမဲ့အပါအဝင် မြန်မာလုပ်သားတွေအနေနဲ့ သတိထားနေထိုင်သွားလာကြဖို့ မြန်မာလူမှုအဖွဲ့တွေက သတိပေးထားပါတယ်။