ထိုင်းမှာ မြန်မာအမျိုးသားအသတ်ခံရမှု ကျူးလွန်သူလို့ ယူဆရသူတွေကို ဖမ်းမိ

ထိုင်းမှာ မြန်မာအမျိုးသားအသတ်ခံရမှု ကျူးလွန်သူလို့ ယူဆရသူတွေကို ဖမ်းမိ

ဖေဖော်ဝါရီ ၁၆ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင်၊ ဘန်ပူမြို့နယ်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသား ဘိုမိုးဟိန်းကိုသတ်ပြီး ဆွဲကြိုးနဲ့လက်စွပ်တွေယူဆောင်သွားသူလို့ ယူဆရသူလေးဦးကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံရသူ ၄ ဉီးလုံးက မြန်မာနိုင်ငံသားတွေဖြစ်ပြီး အလုပ်ရှာပေးဖို့ပေးထားတဲ့ ဘတ်ငွေ ၁၀,၀၀၀ ကို ဘိုမိုးဟိန်းက လိမ်လည်သွားတာကြောင့် ဖြေရှင်းရင်း ကျူးလွန်မိခဲ့တာဖြစ်တယ်လို့ ထွက်ဆိုကြောင်းသိရပါတယ်။
  • “ ပွဲစားဆိုတော့ အစကတည်းကတော့ ဒီလိုမျိုးဖြစ်နိုင်တယ်တော့ ထင်တယ်။ ဒါပေမဲ့ ပွဲစားကလည်း ခက်ခဲနေတဲ့သူတွေရဲ့ ငွေတွေကို ကိုယ်ကောင်းစားဖို့ မလုပ်သင့်သလို အလုပ်သမားတွေကလည်း လူသတ်တာအထိတော့ ဖြစ်သင့်ဘူး ” လို့ ဒီအမှုမှာ ပါဝင်ကူညီနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားသူ တစ်ဦးက ဆိုပါတယ်။
  • သေဆုံးသူဟာ သူ့ရဲ့နေအိမ် တိုက်ခန်းမှာပဲ ရင်ဘတ်နဲ့နောက်ကျောမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံမှာ အခြေချနေထိုင်ကာ မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေ အတွက် အလုပ်အကိုင်ရှာဖွေ ပေးနေတဲ့ ပွဲစားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ပွဲစားကိုသတ်ဖြတ်ခဲ့သူလို့ ယူဆရသူတွေကိုတော့ လယောင်မြို့မှာ (၂) ဦး၊ ဘန်ဖလီမြို့မှာ (၂) ဦး၊ စုစုပေါင်း (၄) ဦးဖမ်းမိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ထိုင်းနိုင်ငံဥပဒေအရ အရေးယူဖို့ ဘန်ပူနယ်မြေရဲစခန်းမှာ လူသတ်မှုနဲ့ အမှုဖွင့်ခံထားရပါတယ်။                                                                                                                                                           

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *