တရားမ၀င်မြန်မာလုပ်သား ၃၀ ဦး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ
ဖေဖော်ဝါရီ ၂၄ ရက်၊Migrant Times
- တရားမ၀င်မြန်မာလုပ်သား ၃၀ ဦးကို လိုက်ပါလာတဲ့ ပွဲကားတစ်စီးကို ကန်ကျနဘူရီခရိုင်လုံခြုံရေးထိုင်းစစ်သားတွေက စစ်ဆေးဖမ်းဆီးမိခဲ့ပါတယ်။ဖေဖော်ဝါရီလ ၂၃ ရက် မနက်ပိုင်းက ကန်ကျနဘူရီခရိုင်၊ ဆိုင်းရို့မြို့နယ်၊ ဆိုင်းရို့တိုက်နယ်၊ အုပ်စု ၂ ဘန့်ထွန့်နာကျေးရွာထဲမှာ တရားမ၀င်အလုပ်သမားသယ်ယူပို့ဆောင်ရေးကားတစ်စီးကို စူရစီတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ ဒေသသတင်းဌာနမှာဖော်ပြထားပါတယ်။ ဖမ်းဆီးခံရတဲ့ အကြောင်းအရင်းမှာ ဒေသတွင်းရှိ တာ၀န်သိပြည်သူက သက်ဆိုင်ရာတွေကို သတင်းပေးပို့ထားမှုကြောင့် လို့ဆိုပါတယ်။
- အဲ့ဒီကားတစ်စီးပေါ်မှာ အမျိုးသား ၂၂ ဉီးနဲ့ အမျိုးသမီး ၈ ဉီးတို့ပါ၀င်တာဖြစ်ပါတယ်။အလားတူ အာဏာပိုင်တွေက လိုက်ပို့ပေးတဲ့ ကားမောင်းသမားပွဲစားတစ်ဉီးကိုလည်း အလုပ်သမားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။တရားမ၀င်သူတွေဟာ မြန်မာပြည်ထဲက ရန်ကုန်၊ မော်လမြိုင်၊ ပဲခူးနဲ့ ရခိုင် စတဲ့ဒေသအသီးသီးကနေလာကြပြီး ထိုင်းနိုင်ငံထဲက စမွတ်စာခွန်၊ ရယောင်း၊ ကန်ကျနဘူရီနဲ့ ဘန်ကောက် စတဲ့ခရိုင်နဲ့မြို့တွေမှာ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားခ တစ်ဉီးကို ဘတ် နှစ်သောင်းကနေ သုံးသောင်းထိပေးလာရတယ်လို့ ထွက်ဆိုထားပါတယ်။သူတို့ကို သက်ဆိုင်ရာရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။