တရားမ၀င်မြန်မာလုပ်သား ၃၀ ဦး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

တရားမ၀င်မြန်မာလုပ်သား ၃၀ ဦး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၄ ရက်၊Migrant Times
  • တရားမ၀င်မြန်မာလုပ်သား ၃၀ ဦးကို လိုက်ပါလာတဲ့ ပွဲကားတစ်စီးကို ကန်ကျနဘူရီခရိုင်လုံခြုံရေးထိုင်းစစ်သားတွေက စစ်ဆေးဖမ်းဆီးမိခဲ့ပါတယ်။ဖေဖော်ဝါရီလ ၂၃ ရက် မနက်ပိုင်းက ကန်ကျနဘူရီခရိုင်၊ ဆိုင်းရို့မြို့နယ်၊ ဆိုင်းရို့တိုက်နယ်၊ အုပ်စု ၂ ဘန့်ထွန့်နာကျေးရွာထဲမှာ တရားမ၀င်အလုပ်သမားသယ်ယူပို့ဆောင်ရေးကားတစ်စီးကို စူရစီတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ ဒေသသတင်းဌာနမှာဖော်ပြထားပါတယ်။ ဖမ်းဆီးခံရတဲ့ အကြောင်းအရင်းမှာ ဒေသတွင်းရှိ တာ၀န်သိပြည်သူက သက်ဆိုင်ရာတွေကို သတင်းပေးပို့ထားမှုကြောင့် လို့ဆိုပါတယ်။
  • အဲ့ဒီကားတစ်စီးပေါ်မှာ အမျိုးသား ၂၂ ဉီးနဲ့ အမျိုးသမီး ၈ ဉီးတို့ပါ၀င်တာဖြစ်ပါတယ်။အလားတူ အာဏာပိုင်တွေက လိုက်ပို့ပေးတဲ့ ကားမောင်းသမားပွဲစားတစ်ဉီးကိုလည်း အလုပ်သမားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။တရားမ၀င်သူတွေဟာ မြန်မာပြည်ထဲက ရန်ကုန်၊ မော်လမြိုင်၊ ပဲခူးနဲ့ ရခိုင် စတဲ့ဒေသအသီးသီးကနေလာကြပြီး ထိုင်းနိုင်ငံထဲက စမွတ်စာခွန်၊ ရယောင်း၊ ကန်ကျနဘူရီနဲ့ ဘန်ကောက် စတဲ့ခရိုင်နဲ့မြို့တွေမှာ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားခ တစ်ဉီးကို ဘတ် နှစ်သောင်းကနေ သုံးသောင်းထိပေးလာရတယ်လို့ ထွက်ဆိုထားပါတယ်။သူတို့ကို သက်ဆိုင်ရာရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *