ပိတ်ထားတဲ့ ပတ်စ်ပို့ရုံးတချို့ ပြန်ဖွင့်

ပိတ်ထားတဲ့ ပတ်စ်ပို့ရုံးတချို့ ပြန်ဖွင့်
- စက်ပိုင်းဆိုင်ရာနဲ့ နည်းစနစ်တွေကို အဆင့်မြှင့်တင်ဖို့ဆိုပြီး ပိတ်ထားခဲ့တဲ့ ပတ်စ်ပို့ရုံးတွေ ပြန်ဖွင့်နေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်က ရန်ကုန်မှာရှိတဲ့ ပတ်စ်ပို့ရုံးကို ပြန်ဖွင့်ခဲ့ရာ အွန်လိုင်းကနေ ကြိုတင်ဘိုကင်တင်ရမှာဖြစ်ပြီး ဝက်ဘ်ဆိုက်ကို ဝင်ရောက်သူများပြားတာကြောင့် ချို့ယွင်းချက်တချို့ရှိခဲ့ပေမယ့် ဆက်လက်လည်ပတ်နေဆဲဖြစ်ပါတယ်။ထိုင်း – မြန်မာ နယ်စပ်က မြဝတီ ပတ်စ်ပို့ရုံးဟာလည်း ဖေဖော်ဝါရီလ ၂၇ ရက်က ပြန်ဖွင့်ခဲ့ပြီး မလေးရှားနိုင်ငံက မြန်မာသံရုံးမှာတော့ မတ်လ ၁ ရက်ကစပြီး ပတ်စ်ပို့သက်တမ်းတိုးတာတွေ လုပ်ဆောင်နိုင်တော့မယ်လို့ ကြေညာထားပါတယ်။ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာတော့ ပတ်စ်ပို့သက်တမ်းတိုး ကိစ္စတွေကို ဆက်တိုက်ပြုလုပ်ပေးနေပြီး တချို့သော စက်ရုံ၊ အလုပ်ရုံတွေကို Mobile Team နဲ့ သွားရောက်လုပ်ကိုင်ပေးလျက်ရှိပါတယ်။