လုပ်ခလစာမပေးဘဲ သေနတ်နဲ့ ခြိမ်းခြောက်ပြီး စေခိုင်းခံရတဲ့ မြန်မာအလုပ်သမားများကို ကယ်ထုတ်

လုပ်ခလစာမပေးဘဲ သေနတ်နဲ့ ခြိမ်းခြောက်ပြီး စေခိုင်းခံရတဲ့ မြန်မာအလုပ်သမားများကို ကယ်ထုတ်

မတ် ၃ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းက ကြံစိုက်ခင်းတစ်ခုမှာ လစာမပေးတဲ့အပြင် သေနတ်နဲ့ ခြိမ်းခြောက်တာ၊ ကိုယ်ထိလက်‌ရောက် နှိပ်စက်ညှင်းပန်းတာခံနေရတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၁၄ ဉီးကို လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီး မတ်လ ၁ ရက်က ဝင်ရောက် ကယ်ထုတ်ခဲ့ပါတယ်။
  • မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းဆည်းထားပြီး အတင်းအဓမ္မစေခိုင်းမှုတွေ၊ စိတ်ရောကိုယ်ပါ နှိပ်စက်ညှင်းပန်းမှုတွေ ရှိနေတယ်ဆိုပြီး တိုင်ကြားလာတာကြောင့် ဝင်‌ရောက်ရှာဖွေ ကယ်ထုတ်ခဲ့တာဖြစ်ပြီး အလုပ်ရှင်ကို ဖမ်းဆီးရမိဖို့ကြိုးစားခဲ့ပေမယ့် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ HRDF ကနေ သိရပါတယ်။လက်ရှိမှာတော့ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ကို တိုင်ချက်ဖွင့်ထားပြီး ထိုင်းအာဏာပိုင်တွေကလည်း ရှာဖွေဖမ်းဆီးရမိဖို့နဲ့ ဉပဒေအတိုင်း ဆောင်ရွက်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-HRDF

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *