တောင်ကိုရီးယားကို မြန်မာဂဟေလုပ်သား ၃၃ ဦး စေလွှတ်

တောင်ကိုရီးယားကို မြန်မာဂဟေလုပ်သား ၃၃ ဦး စေလွှတ်

မတ် ၁၇ ရက်၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံကို မြန်မာဂဟေဆက်လုပ်သား ၃၃ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေကို ကျွမ်းကျင်ဂဟေလုပ်သားအဖြစ် E-7-3 ဗီဇာနဲ့ စေလွှတ်ဖို့ ဆောင်ရွက်ရာမှာ Samsung Heavy Industries မှာ လုပ်ကိုင်မယ့် မြန်မာဂဟေလုပ်သား ၃၃ ဦးဟာ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်ကလည်း ကျွမ်းကျင်ဂဟေလုပ်သား ၁၇ ဦးကို တောင်ကိုရီးယားနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။
(မတ်လ ၁၇ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာဂ​ေဟလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ – Myanmar Embassy,Seoul)

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *