ထိုင်းရာဘာခြံထဲမှာ အစာရေစာပြတ်နေတဲ့ မြန်မာတွေကို ထိုင်းအာဏာပိုင်တွေ ကယ်ဆယ်

ထိုင်းရာဘာခြံထဲမှာ အစာရေစာပြတ်နေတဲ့ မြန်မာတွေကို ထိုင်းအာဏာပိုင်တွေ ကယ်ဆယ်
- ထိုင်းနိုင်ငံ နခွန်ရာ့ချ်စီမာခရိုင်မှာရှိတဲ့ ရာဘာခြံတစ်ခုမှာ လူတစ်စု ပုန်းခိုနေတယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် ထိုင်းအာဏာပိုင်တွေက သွားရောက်ရှာဖွေခဲ့ရာကနေ အစာရေစာပြတ်နေတဲ့ မြန်မာနိုင်ငံသား ၃၉ ဉီးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ထိုင်းအာဏာပိုင်တွေက တိုင်ကြားချက်ကို လက်ခံရရှိပြီး မတ်လ ၁၇ ရက်မှာ သွားရောက်ရှာဖွေခဲ့တာ ဖြစ်ကြောင်းနဲ့ အာဟာရ ပြတ်လပ်မှုကြောင့် လမ်းလျှောက်ဖို့တောင် အခက်အခဲရှိနေသူတွေ ရှိနေတယ်လို့ သိရပါတယ်။
- “ ကျွန်တော်တို့ သိသလောက်တော့ ကယ်တင်တယ်ဆိုတာထက် သွားဖမ်းတာပေါ့နော်။ အဲဒီမှာ လူတွေက အခြေအနေဆိုးနေတယ်။ ပွဲစားက ဒီဘက်ကို ခေါ်လာပြီးကတည်းက အဲ့ဒီရာဘာခြံထဲမှာ ပစ်ထားခဲ့တာလို့ ပြောတယ်။ ဘာဆက်လုပ်မယ်တော့ မသိရသေးဘူး ” လို့ ထိုင်းရဲတွေနဲ့အတူ ရှာဖွေမှုမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဉီးက ရှင်းပြပါတယ်။ရှာဖွေတွေ့ရှိသူတွေဟာ ပွဲစားဖြစ်သူကို ဘတ် ၂၀၀၀၀ ကနေ ၃၀၀၀၀ အထိ ပေးဆောင်ခဲ့ရပြီး တချို့က မလေးရှားနိုင်ငံအထိ ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ရာဘာခြံထဲမှာ ပိတ်မိနေခဲ့တာ ရက်ဘယ်လောက်ကြာနေပြီလဲဆိုတာတော့ မသိရသေးပါဘူး။
