ထိုင်းကိုလာမယ့် မြန်မာတွေ ဧပြီ ၁ရက်ကစလို့ ဆိုက်ရောက်ဗီဇာ ၁၄ရက်သာရတော့မယ် မတ် ၃၀ ရက်၊ Migrant Times ထိုင်းနိုင်ငံကို လာရောက်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ လာမယ့်ဧပြီ ၁ရက်ကစပြီး ဆိုက်ရောက်ဗီဇာ ၁၄ရက်သာ နေထိုင်ခွင့်ရရှိတော့မယ်လို့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက ဒီကနေ့ အသိပေးထားပါတယ်။ ၂၀၂၂ အောက်တိုဘာ ၁ရက်က စတင်ခွင့်ပြုခဲ့တဲ့ ဆိုက်ရောက်‌ဗီဇာအနေနဲ့ ၄၅ရက် ဗီဇာမလိုပဲ နေထိုင်ခွင့်သတ်မှတ်ချက်ဟာ လာမယ့် ဧပြီ ၁ရက်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ အဲဒီလိုနောက်ပိုင်းမှာတော့ အရင်ခွင့်ပြုပေးခဲ့တဲ့ ဗီဇာမလိုဘဲ ၁၄ရက်ကြာနေထိုင်ခွင့်နဲ့ ထိုင်းနိုင်ငံအတွင်းကို မြန်မာနိုင်ငံသားတွေကို ခွင့်ပြုပေးမှာဖြစ်ပါတယ်။ အဲဒီပြောင်းလဲသတ်မှတ်ချက်မှာ မြန်မာနိုင်ငံအပြင် ကမ္ဘောဒီးယား၊ လာအို၊ မကာအို၊ မွန်ဂိုလီးယား၊ ရုရှားနဲ့ နိုင်ငံအချို့လည်း အပါအဝင်ဖြစ်ပါတယ်။ “ဧပြီလ ၁ ရက်နေ့မှစ၍ ယခင်အတိုင်း အခမဲ့ဗီဇာ (Visa Free) ဖြင့် ၁၄ ရက်သာ ခွင့်ပြုမည်ဖြစ်သောကြောင့် ရက်ရှည်နေထိုင်လိုသူများအနေဖြင့် ထိုင်းသံရုံး (ရန်ကုန်) ၌ ဗီဇာလျှောက်ထား၍ လာနိုင်ပါတယ်”လို့လည်း မြန်မာသံရုံးက အသိပေးထားပါတယ်။ ဗီဇာမလိုပဲ ထိုင်းနိုင်ငံအတွင်း ၁၄ရက်နေထိုင်ပြီးရင်တော့ နောက်ထပ် ရက် ၃၀ဗီဇာကို သံရုံးထောက်ခံချက်နဲ့ ထပ်မံသက်တမ်းတိုးလျှောက်ထား နိုင်ပါသေးတယ်။ ဆိုက်ရောက်‌ဗီဇာ အနေနဲ့ ဗီဇာမလိုဘဲ ၁၄ရက်ကြာ ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်ကိုလည်း ၂၀၁၅ခုနှစ် သြဂုတ်ကစတင်ပြီး ထိုင်းအစိုးရဘက်က ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

ထိုင်းကိုလာမယ့် မြန်မာတွေ ဧပြီ ၁ရက်ကစလို့ ဆိုက်ရောက်ဗီဇာ ၁၄ရက်သာရတော့မယ်

မတ် ၃၀ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံကို လာရောက်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ လာမယ့်ဧပြီ ၁ရက်ကစပြီး ဆိုက်ရောက်ဗီဇာ ၁၄ရက်သာ နေထိုင်ခွင့်ရရှိတော့မယ်လို့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက ဒီကနေ့ အသိပေးထားပါတယ်။၂၀၂၂ အောက်တိုဘာ ၁ရက်က စတင်ခွင့်ပြုခဲ့တဲ့ ဆိုက်ရောက်‌ဗီဇာအနေနဲ့ ၄၅ရက် ဗီဇာမလိုပဲ နေထိုင်ခွင့်သတ်မှတ်ချက်ဟာ လာမယ့် ဧပြီ ၁ရက်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
  • အဲဒီလိုနောက်ပိုင်းမှာတော့ အရင်ခွင့်ပြုပေးခဲ့တဲ့ ဗီဇာမလိုဘဲ ၁၄ရက်ကြာနေထိုင်ခွင့်နဲ့ ထိုင်းနိုင်ငံအတွင်းကို မြန်မာနိုင်ငံသားတွေကို ခွင့်ပြုပေးမှာဖြစ်ပါတယ်။အဲဒီပြောင်းလဲသတ်မှတ်ချက်မှာ မြန်မာနိုင်ငံအပြင် ကမ္ဘောဒီးယား၊ လာအို၊ မကာအို၊ မွန်ဂိုလီးယား၊ ရုရှားနဲ့ နိုင်ငံအချို့လည်း အပါအဝင်ဖြစ်ပါတယ်။”ဧပြီလ ၁ ရက်နေ့မှစ၍ ယခင်အတိုင်း အခမဲ့ဗီဇာ (Visa Free) ဖြင့် ၁၄ ရက်သာ ခွင့်ပြုမည်ဖြစ်သောကြောင့် ရက်ရှည်နေထိုင်လိုသူများအနေဖြင့် ထိုင်းသံရုံး (ရန်ကုန်) ၌ ဗီဇာလျှောက်ထား၍ လာနိုင်ပါတယ်”လို့လည်း မြန်မာသံရုံးက အသိပေးထားပါတယ်။
  • ဗီဇာမလိုပဲ ထိုင်းနိုင်ငံအတွင်း ၁၄ရက်နေထိုင်ပြီးရင်တော့ နောက်ထပ် ရက် ၃၀ဗီဇာကို သံရုံးထောက်ခံချက်နဲ့ ထပ်မံသက်တမ်းတိုးလျှောက်ထား နိုင်ပါသေးတယ်။ဆိုက်ရောက်‌ဗီဇာ အနေနဲ့ ဗီဇာမလိုဘဲ ၁၄ရက်ကြာ ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်ကိုလည်း ၂၀၁၅ခုနှစ် သြဂုတ်ကစတင်ပြီး ထိုင်းအစိုးရဘက်က ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *