ထိုင်းတောင်ပိုင်းမှာ မြန်မာလုပ်သား ၂၀ကျော် ဖမ်းဆီးခံရ
ဧပြီ ၂ရက်၊ Migrant Times
- ထိုင်းနိုင်ငံတောင်ပိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ကျော်လိုက်ပါလာတဲ့တွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။နောက်ခန်းမှာ ရွှေ့ပြောင်းလုပ်သားတွေ လဲလျောင်းလိုက်ပါလာတဲ့ အဲဒီယာဉ်တွေကို ချူဖွန်ခရိုင်ထဲက အဝေးပြေးလမ်းမ စစ်ဆေးရေးဂိတ်တစ်ခုမှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။