မလေးရှားမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်သူတွေထံက မသမာတဲ့နည်းနဲ့ငွေကြေးတောင်းခံတာတွေရှိနေတယ်လို့ မြန်မာသံရုံးထုတ်ပြန် မတ် ၂၃ ရက်၊ Migrant Times မလေးရှားနိုင်ငံမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်သူတွေထံကနေ မသမာတဲ့နည်းနဲ့ငွေကြေးတောင်းခံတာတွေရှိနေတယ်လို့ ကွာလာလမ်ပူမြို့ရှိမြန်မာသံရုံးကထုတ်ပြန်ပါတယ်။နိုင်ငံကူးလက်မှတ်ပြုလုပ်တဲ့လုပ်ငန်းစဥ်တွေအပေါ်မသိနားမလည်သူတွေကိုလိမ်လည်အမြတ်ထုတ်သူတွေက ငွေတောင်းခံတာတွေရှိနေတာလို့ ဆိုပါတယ်။သံရုံးအနေနဲ့မလေးရှားနိူင်ငံမှာနေထိုင်ခွင့်ကုန်ဆုံးသူတွေနဲ့နိူင်ငံကူးလက်မှတ်ထုတ်ယူဖို့ရက်ချိန်းကျော်သွားသူတွေကို လူသားချင်းစာနာမူနဲ့ နိူင်ငံသားတွေအဆင်ပြေစေဖို့ ဆောင်ရွက်ပေးခဲ့တဲ့ လုပ်ဆောင်ချက်တွေကိုအခွင့်ကောင်းယူပြီးလိမ်လည်အမြတ်ထုတ်မူတွေရှိနေတာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။…