ဘုရားသုံးဆူအနီး စစ်ဆေးရေးဂိတ်မှာ တရားမဝင် မြန်မာအလုပ်သမား ၁၉ဦး အဖမ်းခံရ

ဘုရားသုံးဆူအနီး စစ်ဆေးရေးဂိတ်မှာ တရားမဝင် မြန်မာအလုပ်သမား ၁၉ဦး အဖမ်းခံရ
- ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်၊ စိုင်ယို့မြို့၊ ထာ့စောင်ကျေးရွာ၊ ဘန်ယန်အိမ်ယာ အုပ်စု ၃ မှာ တရားမဝင်အလုပ်သမားတွေ ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်ရတ်သတင်းဌာနက ဖော်ပြပါတယ်။သံသယဖြစ်ဖွယ်ကားတစ်စီးမောင်းနှင်လာတာကို စစ်ဆေးဖို့ အချက်ပေးတားဆီးခဲ့တာကြောင့်ကားပေါ်လိုက်ပါလာတဲ့ အလုပ်သမားတွေက ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် ဖမ်းဆီးခံခဲ့ရတာပါ။ ကားမောင်းသူကေတ့ာထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
- ဖမ်းဆီးခံရသူတွေဟာ ကန်ကျနဘူရီခရိုင်ကို တောလမ်းကတစ်ဆင့်ဝင်လာကြတာဖြစ်ပြီး စစ်ဆေးရေးဂိတ်ကို ရှောင်ရှားနိုင်ရန် လမ်းပြတစ်ယောက်ကလာကြိုတာလို့ သိရပါတယ်။စမွတ်ပရာကန်နဲ့ ရာချ်ဘူရီဒေသကို သွားရောက်အလုပ်လုပ်ကိုင်ကြမှာဖြစ်ပြီး တစ်ဦးကိ ဘတ် ၂၃,၀၀၀ ပေးရတယ်လို့ သိရပါတယ်။ တချို့အလုပ်သမားတွေဟာပွဲစားခအားလုံးပေးခဲ့ရတယ်လို့ သိရပါတယ်။