ထိုင်းမှာ တရားမဝင်မြန်မာလုပ်သားတွေ တင်လာတဲ့ကားနှစ်စီး ဖမ်းဆီးခံရ

ထိုင်းမှာ တရားမဝင်မြန်မာလုပ်သားတွေ တင်လာတဲ့ကားနှစ်စီး ဖမ်းဆီးခံရ
- ထိုင်းနိုင်ငံမှာ တရားမဝင်မြန်မာလုပ်သားတွေ တင်လာတဲ့ ကားနှစ်စီး ဒီနေ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။အယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့၊ ချင်ရာ့နွဲကျေးရွာ ဘန်ကောက်မြို့အဝင် လမ်းမကြီးပေါ်မှာယာဉ်ထိန်းရဲအဖွဲ့တွေကမော်တော်ယာဉ်တွေကို စစ်ဆေးခဲ့ရင်း ဖမ်းဆီးမိခဲ့တာလို့ထိုင်းသတင်းဌာန Thi 8က ဖော်ပြပါတယ်။ကားတစ်စီးမှာ အသက် ၃၁ နှစ်အရွယ် ကားမောင်းသမားနဲ့ အလုပ်သမား ၁၁ ဦး၊နောက်တစ်စီးမှာ အသက် ၄၁ နှစ်အရွယ် ကားမောင်းသမားနဲ့ အလုပ်သမား ၁၂ ဦး၊ စုစုပေါင်း ၂၃ ဦးကို ဖမ်းဆီးမိခဲ့တာပါ။အဲဒီအလုပ်သမားေတွကို တာခ်ခရိုင်ကေနတင်ဆောင်လာပြီး ဘန်ကောက်မြို့အနီး ပထုမ်ဌာနီခရိုင်ကို ပို့ဆောင်ရမှာဖြစ်ပြီး ပို့ဆောင်ခအနေနဲ့ အလုပ်သမားတစ်ဦးကို ဘတ်၁,၀၀၀ ရတယ်လို့ ကားသမားက ထွက်ဆိုထားပါတယ်။