ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်လို့ မဟုတ်မမှန်သတင်းဖြန့်ဝေမှုတွေ ရပ်တန့်ဖို့ တောင်းဆို

ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်လို့ မဟုတ်မမှန်သတင်းဖြန့်ဝေမှုတွေ ရပ်တန့်ဖို့ တောင်းဆို

စကားဝါ၊ Migrant Times
  • ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့တွေ စုဖွဲ့ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့ (MWG)က ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး မဟုတ်မမှန် သတင်းဖြန့်ဝေမှုတွေကို ရပ်တန့်ပေးဖို့ ပြည်တွင်းမီဒီယာတချို့ကို တောင်းဆိုလိုက်ပါတယ်။မေဒေးနေ့က ဖြစ်ပေါ်ခဲ့တဲ့ အလုပ်သမားအခွင့်အရေးတောင်းဆိုချီတက်ပွဲကို အသုံးချပြီး နိုင်ငံရေးလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ မေလ ၉ ရက်နေ့မှာ အချက် ၃ ချက်ပါ တောင်းဆိုချက်တစ်စောင်ကို MWG က ထုတ်ပြန်ခဲ့တာပါ။မေဒေးနေ့ကဖြစ်ပေါ်ခဲ့တဲ့ ပုဒ်မ ၁၁၂ ထိုင်းဘုရင်စနစ်ကို ထိပါးစော်ကားတဲ့ လှုပ်ရှားမှုဟာ ထိုင်းနိုင်ငံရေးသမားတွေရဲ့ လုပ်ဆောင်မှုသာဖြစ်သော်လည်း ပြည်တွင်းမီဒီယာတချို့က ရွှေ့ပြောင်းအလုပ်သမားတွေက ပြုလုပ်တယ်လို့ ရေးသားဖော်ပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
  • ဒီတောင်းဆိုချက်ထဲမှာ “ မီဒီယာတွေအနေနဲ့ ယခုလို သတင်းအမှန်ကို မလေ့လာဘဲ စွပ်စွဲရေးသားခြင်းတွေဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ထိုင်းနိုင်ငံသားတွေကြား အမုန်းတရားကို ဖြစ်စေသလို ရွှေ့ပြောင်းအလုပ်သမားတွေကို ခွဲခြားဆက်ဆံမှုကို လျော့ချဖို့၊ ရွေးကောက်ပွဲ ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားတွေကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချတာကို ကာကွယ်ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုပါတယ် ” ဆိုတဲ့အချက်ပါဝင်ပါတယ်။
  • နိုင်ငံရေးသမားတွေနဲ့ မီဒီယာရဲ့ ပြုမူဆောင်ရွက်မှုတွေကြောင့် နောက်ဆက်တွဲ ထိခိုက်ခံစားရသူတွေဟာရွှေ့ပြောင်းအလုပ်သမားများသာ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေကြသူတွေက ယုံကြည်ထားကြပါတယ်။ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်နဲ့ပတ်သက်ပြီး ထိပါးစော်ကားမှုပြုလုပ်တဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်လုပ်ကိုင်ခွင့်ရုတ်သိမ်းပြီး ပြည်နှင်ဒဏ်ပို့ခွင့်ရှိတယ်လို့ ထိုင်းနိုင်ငံ အလုပ်သမား ညွှန်ကြားမှု  ဉီးစီးဌာနက မေလ ၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *