နိုဝင်ဘာ ၆ ၊ Migrant Times ။
– ကယ်မက်ဂီ (Kalmaegi) တိုင်ဖွန်းမုန်တိုင်းသည် နံနက်ဖြန် နိုဝင်ဘာလ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်မည်ဖြစ်ပြီး နိုဝင်ဘာလ ၇ ၊ ၈ ရက်များတွင် ထိုင်းအရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ ပြည်နယ်များတွင် မိုးအလွန်သည်းထန်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ ၊ အယုဒ္ဓယပြည်နယ်၊ မဟာရတ်၊ သာတိုမြို့နယ်ခွဲတွင် ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့က
ကားတစီး အနောက်အတွင်း ပုန်းပြီးလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၆ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
– ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ ဖန်တောင် အတွင်းရှိ ပေါင်းအိုး၊ဒယ်အိုး အောက်ခံကွိုင်စက်ရုံတွင်အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမား ၂၄ ဦးအား စက်ရုံဘက်မှ အကြောင်းပြချက်မရှိပဲ အလုပ်ထုတ်ခဲ့သည့်အတွက် ယနေ့တွင် မြို့နယ်ဆာဝါဒီကန်(အလုပ်သမားရုံး)တွင် သွားရောက်တိုင်ကြား ကူညီမှုပေးခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။
– ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လုပ်ခွင့်လိုင်စင်နှင့် အကြောင်းကြားမှု စနစ်ဆိုင်ရာ ပြဿနာများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့ပြီး စာရင်းတင်ရမည့် အွန်လိုင်းစနစ်အသစ်ကို ဒီဇင်ဘာလလယ်ပိုင်းမတိုင်ခင် ပြီးစီးရန် ရည်မှန်းထားကြကြောင်း တက်ရောက်ခဲ့သည့် LRF အဖွဲ့ကထုတ်ပြန်သည်။
– သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ဝင်များအား စစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းထားသည်မှာ ရက်ပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အင်းစိန်ထောင်၌ ဆက်လက်ထိန်းသိမ်းခံထားရသော အဖွဲ့ဝင် ၉ ဦး လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ကြောင်း STUM အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။

