ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတစ်ဦးကို မြန်မာလူငယ်တစ်ဦး သတ်ဖြတ်ထွက်ပြေး
ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတစ်ဦးကို မြန်မာလူငယ်တစ်ဦး သတ်ဖြတ်ထွက်ပြေး အောက်တိုဘာ ၉ ရက် Migrant Times ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တော်ဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတစ်ဦးကို ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးက သတ်ဖြတ်၍ သေဆုံးသူရဲ့ ATM နဲ့ငွေကြေးများစွာထုတ်ယူပြီး မိခင်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။အောက်တိုဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၊ ဝိဖာဝတီလမ်း၊ အမှတ် ၂၀ ဝိဖာဝတီလမ်းသွယ် အိမ်အမှတ် ၁၅၉/၁၄ တိုက်ခန်းထဲမှာ ရက်ရှည်ကြာသေဆုံးထားတဲ့ ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းအလောင်းကို တွေ့ရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့နဲ့ စုံစမ်းစစ်ဆေးတေအဖွဲ့တွေဟာ တရားခံကိုသိရှိခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မောင်စိုင်းမြတ်မိုးကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်ရဲ့ ဖော်ပြချက်အရ အဆိုပါတရားခံဟာ ထိုင်းသံအမတ်ဟောင်းနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးရှိသူဖြစ်ပြီး သူဟာ သေဆုံးသူဆီကနေ အေတီအမ်ငွေထုတ်ကဒ် လျှို့ဝှက်နံပတ် အတင်းအကြပ်တောင်းခဲ့ပြီး ဓားနဲ့