မြန်မာရွှေ့ပြောင်းလူငယ်တွေအတွက် ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပမယ်
မြန်မာရွှေ့ပြောင်းလူငယ်တွေအတွက် ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပမယ် မတ် ၂၉ ရက်၊ Migrant Times ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလူငယ်တွေအတွက်ပထမအကြိမ် ထိုင်းရိုးရာလက်ဝှေ့ ပြိုင်ပွဲ ( Thai Mauy Thai)ကို လာမယ့် ဧပြီလ ၁၃ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။ပြိုင်ပွဲဝင်လိုတဲ့ မြန်မာလူငယ်ေတွအနေနဲ့ အမည်၊ အသက်၊ ကိုယ်အလေးချိန်နဲ့ မိမိတို့ ထိုးသတ်ခဲ့ဖူးတဲ့ လက်ဝှေ့ပွဲအရေအတွက်နဲ့ ဓာတ်ပုံ တစ်ပုံကို ဧပြီလ ၁၀ရက် နောက်ဆုံးထားပေးပို့ရမှာဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းလက်ဝှေ့အားကစားကို စနစ်တကျလေ့လာနိုင်စေဖို့၊ မြန်မာရွှေ့ပြောင်းလူငယ်တွေကြား ကြေးစား ( Professional) လက်ဝှေ့သမားတွေ ပေါ်ထွန်းလာစေဖို့၊ မြန်မာရွှေ့ပြောင်းလူငယ်ေတွအနေနဲ့ အားကစားကို စိတ်ဝင်စားပြီး တရားမဝင်မူးယစ်ဆေးသုံးစွဲမှုတွေ လျော့နည်းပပျောက်စေဖို့ ရည်ရွယ်ပြီး အခုပြိုင်ပွဲကို ကျင်းပပေးတာလို့ ပြိုင်ပွဲကို ဦးဆောင်ကျင်းပပေးတဲ့ ပညာရေးနှင့်ဖွံ ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း