နိုဝင်ဘာ 7, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

ရာသီဉတု သတင်း

ရာသီဉတု သတင်း သတင်း

ကယ်လ်မာဂီ မုန်တိုင်း ထိုင်းစဝင် 🟥ထိုင်းနှင့် မြန်မာတွင် နိုဝင်ဘာလ ၇ ရက်မှ ၁ဝ ရက်အတွင်း မိုးသည်းထန်နိုင်

နိုဝင်ဘာ ၆ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ အရှေ့မြောက်ပိုင်းရှိ ဥဘွန်ရက်ချ်ထာနီပြည်နယ်၊ ဥဘွန်ရက်ချ်ထာနီမြို့တွင် ယနေ့ နံနက်အစောပိုင်းမှစကာ ကယ်မက်ဂီ မုန်တိုင်းကြောင့် မိုးအဆက်မပြတ် ရွာသွန်းနေကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ‌ ယနေ့ နံနက် ၁ နာရီခန့်မှစ၍ နံနက်ပိုင်းအထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး မောင်းမြို့နယ်တွင် လေပြင်းများ တိုက်ခတ် နေကြောင်းသိရသည်။ သို့သော်လည်း ဥဘွန်ပစ်သယာခုံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် မုန်တိုင်း ကယ်လ်မာဂီ၏ သက်ရောက်မှုကြောင့် မိုးနှင့် လေပြင်းများကြားမှ ပုံမှန်အတိုင်း စာသင်ခန်းသို့ သွားရောက်နေကြကြောင်း ဖော်ပြသည်။ ထိုင်းမိုးလေဝသဌာန (TMD) ကမုန်တိုင်းသည်ယနေ့မွန်းလွဲပိုင်းတွင် ဥဘွန်ရက်ချ်ထာနီပြည်နယ်အတွင်းသို့ ဝင်ရောက်ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားမည်ဟု ထုတ်ပြန်ထားသည်။ မုန်တိုင်းကြောင့် ယနေ့ နိုဝင်ဘာလ ၇

Read More
ရာသီဉတု သတင်း သတင်း

ကယ်မက်ဂီ မုန်တိုင်း မနက်ဖြန် ထိုင်းဝင်မည် 🟥နိုဝင်ဘာလ ၇ ၊ ၈ ရက်များတွင် မိုးအလွန်သည်းထန်နိုင်ကြောင်း သတိပေး

နိုဝင်ဘာ ၆ ၊ Migrant Times ။ ကယ်မက်ဂီ (Kalmaegi) မုန်တိုင်းသည် နံနက်ဖြန် နိုဝင်ဘာလ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသဌာနကသတိပေးထုတ်ပြန်သည်ဟု ထိုင်းသတင်းကဖော်ပြသည်။ မုန်တိုင်းသည် ထိုင်း အရှေ့မြောက်ပိုင်းဒေသနှင့် အောက်ပိုင်းကို ပြင်းထန်စွာ ရိုက်ခတ်မည် ဖြစ်ကြောင်း သတိပေးထားသည်။ ၎င်းသည် ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ဝင်ရောက်သည့် ပထမဆုံး မုန်တိုင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။ ထိုင်းမိုးလေဝသဌာန၏ ယနေ့ထုတ်ပြန်ချက်အရ ကယ်မေဂီမုန်တိုင်း သည် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကမ်းရိုးတန်းသို့ ပိုမိုနီးကပ်လာနေပြီး အရှေ့မြောက်ပိုင်း ဥပွန်ရတ်ချထာနီ တွင် မိုးရွာသွန်းမှုတိုးလာနိုင်ကြောင်း သတိပေးထားသည်။ နိုဝင်ဘာ ၇ ရက်နေ့တွင် မိုးအလွန်သည်းထန်စွာ ရွာသွန်းနိုင်သော ပြည်နယ်များမှာ အရှေ့မြောက်ပိုင်းရှိ ဥပွန်ရတ်ချထာနီ ၊ဘူရီရမ်

Read More
ရာသီဉတု သတင်း သတင်း

ကယ်လ်မာဂီ မုန်တိုင်းကြောင့် ထိုင်းမှာ မိုးသည်းထန်နိုင်ပြီး ရေကြီးနိုင်

အောက်တိုဘာ ၄ ၊ Migrant times ။ ထိုင်းနိုင်ငံတွင် ကယ်လ်မာဂီ မုန်တိုင်းကြောင့် နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်နေ့အတွင်း မိုးသည်းထန်စွာ ရွာပြီး ရေကြီးနိုင်ချေရှိသည့်အတွက် အနီးကပ်စောင့်ကြည့်ရန် ဝန်ကြီးချုပ်အနူတင်ချန်းဗီရာကူ ကယနေ့ညွှန်ကြားလိုက်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာမှ စတင်ခဲ့သော မုန်တိုင်းသည် အားအနည်းငယ် လျော့ကျကာ နိုဝင်ဘာလ ၇ ရက်နေ့ခန့်တွင် ထိုင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသသို့ ဦးတည်ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားသည်။ ထိုင်းပြည်နယ် ၇၆ ခုလုံးရှိ အုပ်ချုပ်ရေးမှူးများအား ရေကြီးရေလျှံမှုဖြစ်နိုင်သော နေရာများ၊ အထူးသဖြင့် ဘန်ကောက်နှင့် အဓိကစီးပွားရေးဇုန်များတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးနိုင်ခြေအတွက် ကြိုတင်ပြင်ဆင်ထားရန် ဝန်ကြီးချုပ်က တာဝန်ပေးထားသည်။ ထိုင်းမိုးလေဝသဌာန၏ ခန့်မှန်းချက်များအရ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၊ အထူးသဖြင့်

Read More
ရာသီဉတု သတင်း သတင်း

ဘန်ကောက်မြို့ ရပ်ကွက်အချို့မှာ ရေကြီးမှု သတိပေးချက်ထုတ် 🟥ကယ်မဲဂီ မုန်တိုင်းကြောင်း ထိုင်းအနှံ မိုးသည်းထန်နိုင်

နိုဝင်ဘာ ၃ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ယမန်နေ့ည တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒွန်မောင်းနှင့် ပရာဝတ်မြို့နယ်နှစ်ခုအား ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့ (BMA) က ရေကြီးမှု သတိပေးချက်ထုတ်ပြန်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ၎င်းမြို့နယ်တွင် ရေကြီးမှုများ ဆက်လက်ရှိနေပြီး ယာဉ်ကြောပိတ်ဆို့မှုအတွက် အချိန်ပေးရန် အကြံပြုထားသည်။ ဘန်ကောက်ဒေသတစ်ဝှမ်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီးနောက် တူးမြောင်းများရှိ ရေများ မြင့်တက်နေကြောင်း ယနေ့ နံနက် ၅ နာရီတွင် ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့ (BMA)ကသတိပေးသည်။ ယနေ့ နံနက် ၁ နာရီတွင် ဘန်ကောက်မြို့ ၊ လက်ဆီ (Lak Si) မြို့နယ်တွင် မိုးရေချိန် အများဆုံး ၁၁၇.ဝ မီလီမီတာအထိ

Read More
ရာသီဉတု သတင်း

မိုချာမုန်တိုင်း စတင်နေသံရုံးတွေကတစ်ဆင့် မုန်တိုင်းဒဏ်ခံရသူများကို ကူညီနိုင်ဟုဆို

မိုချာမုန်တိုင်း စတင်နေသံရုံးတွေကတစ်ဆင့် မုန်တိုင်းဒဏ်ခံရသူများကို ကူညီနိုင်ဟုဆို စကားဝါ မေလ ၁၄ ရက်၊ Migrant Times ထိုင်း‌ရောက်မြန်မာနိုင်ငံသားများအနေနဲ့ မိုချာမုန်တိုင်းဝင်ရောက်နိုင်ချေရှိတဲ့ နေရာဒေသတွေ အတွက် ကူညီထောက်ပံ့မှုတွေ ပြုလုပ်ချင်တယ်ဆိုရင် ဘန်ကောက်သံရုံးနဲ့ ချင်းမိုင် ကောင်စစ်ဝန်ရုံးတွေကနေတဆင့် ကူညီနိုင်တယ်လို့ ဘန်ကောက်သံရုံးက မေလ ၁၂ ရက်နေ့က ကြေညာခဲ့ပါတယ်။မိုချာမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကနေတဆင့် ချင်း၊ မကွေး၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်တွေကို ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင်တွေက ခန့်မှန်းထားကြပြီး မေလ ၁၂ ရက်နေ့ကစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်လျှက်ရှိပါတယ်။ဒီကနေ့ မေလ ၁၄ ရက်နေ့မှာတော့ ရခိုင်ကမ်းရိုးတန်းအပါအဝင် ချင်းနဲ့ မကွေးတိုင်းက မုန်တိုင်းလမ်းကြောင်းတချို့မှာ လေပြင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။ “မုန်တိုင်းဒဏ်ခံရသော မြို့နယ်၊ ကျေးရွာများတွင် နေအိမ်များ ပျက်စီးခြင်း၊ စားရေရိက္ခာ

Read More