“ တရက်တာ ရွှေ့ပြောင်းရေးရာသတင်း”
နိုဝင်ဘာ ၇ ၊ Migrant Times ။ – ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် အထောက်အထားရှိသော်လည်း သက်တမ်းကုန်ဆုံးသွားသော မြန်မာ၊ လာအို၊ ၊ ဗီယက်နမ် နိုင်ငံသား အလုပ်သမား များအား အလုပ်လုပ်ရန်အတွက် ၁ နှစ်တာကာလ ယာယီနေထိုင်ခွင့်ပြုရန် ယနေ့နံနက်၌ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်။ – ထိုင်းနိုင်ငံ၊ဆာလာဘူလီခရိုင်၊နောင်ခဲမြို့ရှိ ကြွေထည်စက်ရုံတွင် အလုပ်အလုပ်နေသည့် မြန်မာ အလုပ်သမား ၁၁ ဦး၏ လုပ်ခလစာ ဘတ် ၂၅၃,၀၀၀ မရရှိသည့်အတွက် ကူညီမှုပေးနေကြောင်း WAG အဖွဲ့က ထုတ်ပြန်သည်။ – ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ ၊ မယ့်ရင်မြို့နယ်ရှိ ဟိုတယ်တခုတွင် အခန်းသန့်ရှင်းရေးလုပ်နေသည့် မြန်မာအလုပ်သမား ၂ ဦးကို အလုပ်ရှင်နှင့် အလုပ်နေရာသစ် ပြောင်းလဲခြင်းအား (၁၅)
