Migrant Times Blog သတင်း ချင်းမိုင် မုန့်မိုင်းဈေးတွင် မူးယစ်ဆေးဝါးများဖမ်းမိ
သတင်း

ချင်းမိုင် မုန့်မိုင်းဈေးတွင် မူးယစ်ဆေးဝါးများဖမ်းမိ

နိုဝင်ဘာ ၁၁ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ တလာမုန့်မိုင်းဈေး (Muang Mai Market)တွင် မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း ချင်းမိုင်းသတင်းက ယနေ့ဖော်ပြသည်။

မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB)သည် Talat Thai Market သို့ ပို့ဆောင်မည့် ၄၆၉ ကီလိုဂရမ် အလေးချိန်ရှိသော ‘Ice’ မက်သာဖက်တမင်း မူးယစ်ဆေးဝါးများကို မုန့်မိုင်းဈေးရှိ အာလူး၊ ကန်စွန်းဥစသည့် ခြင်းတောင်းများအတွင်း ဝှက်ထားသည်ကို အများအပြား ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။

၎င်းမူးယစ်ဆေးဝါးများကို နိုဝင်ဘာလ ၆ ရက်နေ့တွင်မုန့်မိုင်းဈေးရှိ စိုက်ပျိုးရေးထွက်ကုန် ပေးပို့လက်ခံရေးဧရိယာတွင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်သည့် မူးယစ်ဆေးဝါးကွန်ရက်မှ သံသယရှိသူများကို ဖမ်းဆီးကြောင်း ထုတ်ပြန်ပွဲတွင် ပြောကြားခဲ့သည်။

ချင်းမိုင်မြို့ရှိ မုန့်မိုင်းဈေး (Muang Mai Market)တွင် မူးယစ်ဆေးဝါးများနှင့်အတူ သယ်ဆောင်ရန်ပြုလုပ်နေသူ ၃ ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း ချင်းမိုင်းသတင်းက ယနေ့ဖော်ပြသည်။

Photo – CM 108

Exit mobile version