မြန်မာမှာPGMF ချေးငွေလုပ်ငန်းရပ်ဆိုင်းလိုက်လို့အလုပ်သမား ထောင်နဲ့ချီအလုပ်အကိုင်ဆုံးရူံးဖို့ရှိ
ဇွန် ၂၇ ရက်
အရုဏ်ဦး၊ Migrant Times
- မြန်မာနိူင်ငံမှာ ချေးငွေလုပ်ငန်းအနေနဲ့လည်ပတ်နေတဲ့ PGMF အနေနဲ့ ရပ်ဆိုင်းလိုက်တဲ့အတွက် ဝန်ထမ်းထောင်ချီဟာအလုပ်လက်မဲ့ဖြစ်ရမယ့်အခြေအနေနဲ့ကြုံတွေ့လာရတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေကဆိုပါတယ်။အမေရိကန်အခြေစိုက် ချေးငွေလုပ်ငန်းစုဖြစ်တဲ့ Pact Myanmar လက်အောက်မှာရှိတဲ့ PGMFဟာ ဇွန်လကုန်မှာ လုပ်ငန်းအပြီးရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ တရားဝင်ကြေညာလိုက်တာဖြစ်ပါတယ်။Pact Myanmarမှာ ဝန်ထမ်းပေါင်း ၄၀၀၀ နီးပါးရှိပြီး သူတို့ PGMFကရပ်ဆိုင်းလိုက်တဲ့အတွက် ဝန်ထမ်းအစိတ်အပိုင်းတချို့ဟာလည်း အလုပ်အကိုင်အခွင့်အလမ်းဆုံးရူံးကြရဖို့ရှိနေတယ်လို့ နီးစပ်သူတစ်ဦးကဆိုပါတယ်။
- “တော်တော်များများကတော့ အလုပ်ပြုတ်မယ့်အထဲပါသွားဖို့ရှိတယ်။ တခြားလုပ်ငန်းစုတွေထဲပြောင်းထည့်တာရှိမလားတော့မပြောတတ်ဘူး”လို့ ဝန်ထမ်းတစ်ဦးကပြောပါတယ်။PGMFအနေနဲ့ မှတ်ပုံတင်ပြန်တင်ရမှာ၊ အမြတ်ဝေဟုကိုမလိုအပ်ဘဲခွဲပေးရမှာ စတဲ့အချက်တွေနဲ့အဆင်မပြေတာကြောင့် လုပ်ငန်းရပ်ဆိုင်းရတာလို့ သတင်းတွေကဆိုပါတယ်။PGMFရပ်ဆိုင်းလိုက်ပေမယ့် Pact Myanmar ရဲ့ တခြားလုပ်ငန်းစီမံကိန်းတွေကဆက်ရှိနေဦးမှာဖြစ်ပြီး အဲဒီစီမံကိန်းလုပ်ငန်းတွေအပေါ်တိုက်ရိုက်သက်ရောက်မူမရှိဘူးလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။PGMFအနေနဲ့မြန်မာနိူင်ငံမှာ လုပ်ငန်းလည်ပတ်နေတဲ့ကာလအတွင်း ပြည်သူ ကိုးသိန်းနီးပါးကို ချေးငွေအမေရိကန် ဒေါ်လာ ၁၅၆သန်းထုတ်ပေးနိူင်ခဲ့တယ်လို့ဆိုပါတယ်။လုပ်ငန်းရပ်ဆိုင်းမယ့် ဇွန် ၃၀ရက်နောက်ပိုင်း ချေးငွေပေးဆပ်ဖို့ကျန်တာတွေကို လျှော်ပေးမယ်ဆိုပြီးတော့လည်း PGMFကကြေညာထားပါတယ်။