Migrant Times Blog သတင်း မဲဆောက်မြို့တွင် ရွှေ့ပြောင်းလုပ်သား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပ
သတင်း အလုပ်သမား သတင်း

မဲဆောက်မြို့တွင် ရွှေ့ပြောင်းလုပ်သား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပ

Photo News
စက်တင်ဘာ ၂၉ ၊ Migrant Times ။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ဘောလုံးပြိုင်ပွဲအား ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းတွင် ကျင်းပခဲ့သည်။
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ ဦးစီး၍ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အခွင့်အရေးကာကွယ်မြှင့်တင်ရေး အစီအစဉ်အနေဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မဲဆောက်မြို့ ၊ မယ်ပ ရပ်ကွက် ဝန်းကျင်ရှိ စက်ရုံ (၄) ရုံ မှ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး
(၄) သင်းမှ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီး ချန်ပီယံ ဖလားနှင့် ပထမ၊ ဒုတိယ၊ တတိယဆုများ အသီသီးချီးမြှင့်ခဲ့သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ဘောလုံးပြိုင်ပွဲအား မြန်မာရွှေ့ပြောင်းလုပ်သား ၁ဝဝ ခန့်က တက်ရောက်အားပေးခဲ့ကြသည်။
Photo – Migrant Times
Exit mobile version