Migrant Times Blog သတင်း ထိုင်းတွင် မြန်မာအလုပ်သမား ၂ဝ ဦး၏ လုပ်အားခမရ
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် မြန်မာအလုပ်သမား ၂ဝ ဦး၏ လုပ်အားခမရ

စက်တင်ဘာ ၂၉ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ ချွန်ပူလီမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတခုတွင် အလုပ်လုပ်နေကြသော MoU စနစ်နှင့်လာရောက်သည့် မြန်မာအလုပ်သမားများနှင့် CI စာအုပ်ကိုင်ဆောင်သည့် မြန်မာအလုပ်သမား ၂ဝ ဦး တို့
သည် လုပ်အားခမရသည့်အတွက် ပြန်လည်ရရှိရန် ကူညီပေးနေကြောင်း WAG အလုပ်သမား မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။
ထိုအလုပ်သမားများသည် ၎င်းဆောက်လုပ်ရေးလုပ်ငန်းတွင် (၄) နှစ်ခန့်အလုပ်လုပ်နေသူများဖြစ်ပြီး လုပ်ငန်းရှင်က လုပ်အားခ ၁၃ ရက်စာ မရှင်းပေးပဲ အခြားမြို့ရှိ သူဌေးတစ်ဦးထံသို့ အလုပ်လုပ်ရန် လွှဲပြောင်းပေးခဲ့ကြောင်း ၊ အလုပ်သမားများရရန်ရှိသည့် စုစုပေါင်းလုပ်အားခမှာ ဘတ် ၁၄ဝ,ဝဝဝ ဝန်းကျင်ရှိကြောင်း WAG အဖွဲ့ကဆိုသည်။
“ဒီနေ့မနက် မြို့နယ် ဆာဝါဒီကန်ရုံး(အလုပ်သမားရုံး)ကိုသွားတိုင်ထားတယ်။ သွားတိုင်တဲ့အချိန်မှာ ဘယ်လိုဖြစ်လဲဆိုတော့ အလုပ်သမားတွေမှာ စာရွက်စာတန်း သူဌေးမတူဘူး ။ဒါကြောင့် လိုက်ရတာခက်တယ်၊ နှစ်လကြာရင်လဲကြာမယ်၊ မကြာရင်လဲမကြာနိုင်ဘူး၊ လောလောဆယ်တော့ မြို့နယ် ဆာဝါဒီကန်ရုံးက သူဌေးကို ဖုန်းဆက်ထားပေးတယ်” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။
Photo – WAG
Exit mobile version