Migrant Times Blog သတင်း မဲဆောက်မြို့နယ်မှာ KK Park မှထွက်ပြေးလာသူများအတွက် ယာယီခိုလှုံရာစခန်း ၄ ခုဖွင့်
သတင်း

မဲဆောက်မြို့နယ်မှာ KK Park မှထွက်ပြေးလာသူများအတွက် ယာယီခိုလှုံရာစခန်း ၄ ခုဖွင့်

🟥နိုင်ငံခြားသား ၅ဝဝ ကျော်နေရာချထားပေးပြီး ထပ်တိုးနိုင်ဟုဆို

အောက်တိုဘာ ၂၃ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်တွင် မြန်မာဘက်ခြမ်း မြ၀တီမြို့နယ်ရှိ “KK Park” ဝင်း အတွင်းမှ ထွက်ပြေးလာသူများအတွက် ယာယီခိုလှုံရာစခန်း ၄ ခုဖွင့်လှစ်ထားကြောင်း ထိုင်းသတင်းကယနေ့ဖော်ပြသည်။

ထိုင်း-မြန်မာနယ်စပ်အခြေအနေသည် မြန်မာစစ်တပ်က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ “KK Park” ဟုခေါ်သော လိမ်လည်မှုစခန်းဝင်းအတွင်း လိမ်လည်သူများကို နှိမ်နင်းခြင်း စတင်ပြီးနောက်ပိုင်း အာရုံစိုက်မှု ပြန်လည်ရရှိလာကြောင်း ဖော်ပြသည်။

ယင်းနေရာသည် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်ကူကျေးရွာအုပ်စု၊ အမှတ် (၉) ရွာ၊ ဘန်မဲကူသာဆွန်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး စစ်ဆင်ရေးကြောင့် နိုင်ငံခြားသား အများအပြား အသက်လုပြီး ထိုင်းနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြရကြောင်း ရေးသားသည်။

လက်ရှိတွင် ထိုင်းလုံခြုံရေးအာဏာပိုင်များက မဲဆောက်မြို့နယ်၌ ယာယီခိုလှုံရာစခန်း ၄ ခု ဖွင့်လှစ်ပေးထားပြီး နိုင်ငံခြားသား ၅၀၀ ကျော်ကို နေရာချထားပေးထားကြောင်းဖော်ပြသည်။ ယာယီခိုလှုံရာစခန်း ၄ ခုစလုံး ပြည့်လုနီးဖြစ်နေပြီး ယနေ့ အောက်တိုဘာလ (၂၃) ရက်နေ့ တွင် အရေအတွက် ဆက်လက် တိုးလာနိုင်ဖွယ်ရှိကြောင်း ထိုင်းသတင်းကရေးသားသည်။

Photo – Khaosod

Exit mobile version