Migrant Times Blog သတင်း ထိုင်းတောင်ပိုင်းမှာ မြန်မာအမျိုးသမီး ၂ ဦးထံက ဘတ် ၂ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
သတင်း အလုပ်သမား သတင်း

ထိုင်းတောင်ပိုင်းမှာ မြန်မာအမျိုးသမီး ၂ ဦးထံက ဘတ် ၂ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

အောက်တိုဘာ ၂၃ ၊ Migrant Times ။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင် ၊ တကွာပါမြို့နယ်တွင် မက်သဖက်တမင်း မူးယစ်ဆေးဝါးများအား ဝှက်၍သယ်ဆောင်လာသည့် မြန်မာအမျိုးသမီး ၂ ဦးအား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

ဖမ်းဆီးရမိသည့် သက်သေခံပစ္စည်းများသည် အလေးချိန်မှာ စုစုပေါင်း ၁,၃၉၅.၁၇ ဂရမ် ရှိပြီး တန်ဖိုးအားဖြင့် ဘတ် ၂ သန်းကျော်ရှိကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

ယမန်နေ့၊ အောက်တိုဘာလ ၂၂ ရက်၊ ညနေ ၄ နာရီတွင် ရဲအရာရှိများသည် တကွာပါခရိုင် ဘတ်စ်ကားဂိတ်၌သတင်းအရ စောင့်ခဲ့ကြပြီး ချွန်ဖွန်-ဖူးခက် ခရီးသည်တင်ဘတ်စ်ကားဖြင့် ရောက်ရှိလာသော အသက် ၄ဝ အရွယ် မြန်မာအမျိုးသမီး ၂ ဦးကို တွေ့ရှိပြီးရှာဖွေခဲ့ကြောင်း သတင်းကဖော်ပြသည်။

ရှာဖွေခဲ့ရာတွင် ၎င်းတို့၏ ဘရာစီယာများအတွင်း လျှို့ဝှက်သယ်ဆောင်လာသည့် ပလပ်စတစ်အိတ် ၁၂ ထုတ်ကို တွေ့ရှိခဲ့ပြီး ရွှေဆိုင်တစ်ဆိုင်၌ ချိန်တွယ်စစ်ဆေးခဲ့ရာ အိတ်များအပါအဝင် စုစုပေါင်းအလေးချိန် ၁,၃၉၅.၁၇ ဂရမ် ရှိကြောင်း တွေ့ရှိခဲ့သည်။

မြန်မာအမျိုးသမီး ၂ ဦးသည် မက်သဖက်တမင်းများအား ရနောင်းပြည်နယ်မှတစ်ဆင့် ခူရာဘူရီခရိုင် – တာကွာပါခရိုင်ကို ဖြတ်ကျော်၍ ဖန်ငါပြည်နယ် တနေရာသို့ သယ်ဆောင်ရန် သွားရောက်စဉ်ဖမ်းမိခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသမီး ၂ ဦးအား တကွာပါ ရဲစခန်းထံ လွှဲပြောင်းခဲ့ပြီး မူးယစ်ဆေးဝါး (မက်သဖက်တမင်း သို့မဟုတ် ရေခဲ) အား ဖြန့်ဖြူးခြင်း၊ ရောင်းချမှုများဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo – Andamanfocus

Exit mobile version