Migrant Times Blog ရာသီဉတု သတင်း ကယ်လ်မာဂီ မုန်တိုင်းကြောင့် ထိုင်းမှာ မိုးသည်းထန်နိုင်ပြီး ရေကြီးနိုင်
ရာသီဉတု သတင်း သတင်း

ကယ်လ်မာဂီ မုန်တိုင်းကြောင့် ထိုင်းမှာ မိုးသည်းထန်နိုင်ပြီး ရေကြီးနိုင်

အောက်တိုဘာ ၄ ၊ Migrant times ။

ထိုင်းနိုင်ငံတွင် ကယ်လ်မာဂီ မုန်တိုင်းကြောင့် နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်နေ့အတွင်း မိုးသည်းထန်စွာ ရွာပြီး ရေကြီးနိုင်ချေရှိသည့်အတွက် အနီးကပ်စောင့်ကြည့်ရန် ဝန်ကြီးချုပ်အနူတင်ချန်းဗီရာကူ ကယနေ့ညွှန်ကြားလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာမှ စတင်ခဲ့သော မုန်တိုင်းသည် အားအနည်းငယ် လျော့ကျကာ နိုဝင်ဘာလ ၇ ရက်နေ့ခန့်တွင် ထိုင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသသို့ ဦးတည်ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားသည်။

ထိုင်းပြည်နယ် ၇၆ ခုလုံးရှိ အုပ်ချုပ်ရေးမှူးများအား ရေကြီးရေလျှံမှုဖြစ်နိုင်သော နေရာများ၊ အထူးသဖြင့် ဘန်ကောက်နှင့် အဓိကစီးပွားရေးဇုန်များတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးနိုင်ခြေအတွက် ကြိုတင်ပြင်ဆင်ထားရန် ဝန်ကြီးချုပ်က တာဝန်ပေးထားသည်။

ထိုင်းမိုးလေဝသဌာန၏ ခန့်မှန်းချက်များအရ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၊ အထူးသဖြင့် ဘန်ကောက်နှင့် ပတ်ဝန်းကျင်ပြည်နယ်များတွင် မိုးရွာသွန်းမှုများနိုင်ကြေားသိရသည်။

ထိုင်းတောင်ပိုင်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းများ တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး အန်ဒမန်ပင်လယ်အထက်ပိုင်းတွင် သင်္ဘောများအား သတိထားသွားလာရန် အကြံပြုထားသည်။

မုန်တိုင်း၏ သက်ရောက်မှုကြောင့် နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်နေ့အတွင်း အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မိုးရွာသွန်းနိုင်ပြီး တောင်ပိုင်းပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ထုတ်ပြန်သည်။

တိုင်ဖွန်းမုန်တိုင်း ကာလ်မက်ဂီ (Kalmaegi) သည် ယနေ့တွင် ဖိလစ်ပိုင်အလယ်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းများတိုက်ခတ်မှုနှင့် မုန်တိုင်းဒီလှိုင်းများကြောင့် သောင်းနှင့်ချီသော လူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဖိလစ်ပိုင်သတင်းတွင်ဖော်ပြသည်။

ဓာတ်ပုံကို- နိုဝင်ဘာ ၃ ရက်နေ့ နံနက်ပိုင်း၊ ဘန်ကောက်မြို့တနေရာတွင်ကြီးနေသည့် မြင်ကွင်း။

(Photo – Khaosod)

Exit mobile version