Migrant Times Blog သတင်း KK Park မှထွက်ပြေးလာသည့် အိန္ဒိယနိုင်ငံသား ၁၉၅ ဦးအား နေရပ်ပြန်ပို့
သတင်း

KK Park မှထွက်ပြေးလာသည့် အိန္ဒိယနိုင်ငံသား ၁၉၅ ဦးအား နေရပ်ပြန်ပို့

နိုဝင်ဘာ ၁ဝ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့နယ်သို့ မြ၀တီမြို့နယ်ရှိ KK Park မှ ထွက်ပြေးလာသည့် အိန္ဒိယနိုင်ငံသား ၁၉၅ ဦးအား ယနေ့တွင် မဲဆောက်လေဆိပ်မှတစ်ဆင့် ၎င်းတို့နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရကူလ်သည် အိန္ဒိယသံအမတ်နှင့်အတူ KK Park မှ အိန္ဒိယနိုင်ငံသား ၁၉၅ ဦးအား မဲဆောက်လေဆိပ်မှတစ်ဆင့် ၎င်းတို့နိုင်ငံသို့ ပြန်ပို့ခြင်း အစီအစဉ်ကို ယနေ့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် အနုထင်သည် ယနေ့ (နိုဝင်ဘာလ ၁၀ ရက်)၊ နေ့လယ် ၂ နာရီတွင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ လိမ်လည်သူများ (scammers) နှိမ်နင်းရေးနှင့် မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ KK Park မှ နိုင်ငံခြားသားများအား ကယ်ဆယ်ရေးလုပ်ငန်းများ စောင့်ကြည့်ရန် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။

KK Park တွင် လိမ်လည်သူများအား နှိမ်နင်းခြင်းကြောင့် တာ့ခ်ခရိုင်၊ မဲဆောက်မြို့သို့ အောက်တိုဘာလ ၂၂ ရက်မှစ၍ ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံသား ၄၆၅ ဦးရှိခဲ့သည်။ ၎င်းအနက် ၂၇၀ ဦးအား စိစစ်ခြင်း၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများအတွက် တရားစွဲဆိုခြင်းနှင့် နိုဝင်ဘာလ ၆ ရက်တွင် ပြန်လည်ပို့ဆောင်ခြင်းများ ဆောင်ရွက်ပြီးဖြစ်သည်။ ယနေ့ပို့ဆောင်ခြင်းသည် တတိယအကြိမ်မြောက်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

အိန္ဒိယအစိုးရသည် ၎င်းတို့၏နိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် စစ်လေယာဉ်တစ်စင်း စေလွှတ်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ်က အိန္ဒိယသံအမတ်နှင့် အတူအိန္ဒိယနိုင်ငံသား ၁၉၅ ဦးအား လေယာဉ်အထိ လိုက်ပါပို့ဆောင်ခဲ့သည်။

Photo – The Reporters

Exit mobile version