Migrant Times Blog နိုင်ငံရေး NUG က ၆ လအတွင်း အလုပ်သမားအမှု ၁၉ မှု ဖြေရှင်းပေးခဲ့ဟုဆို
နိုင်ငံရေး အလုပ်သမား သတင်း

NUG က ၆ လအတွင်း အလုပ်သမားအမှု ၁၉ မှု ဖြေရှင်းပေးခဲ့ဟုဆို

NUG က ၆ လအတွင်း အလုပ်သမားအမှု ၁၉ မှု ဖြေရှင်းပေးခဲ့ဟုဆို

ဇန်နဝါရီ ၃ ရက်၊ Migrant Times
  • အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ တိုင်ကြားရေးယန္တယားကို တိုင်ကြားလာတဲ့အမှုပေါင်း ၂၉ မှုအနက် ၁၉ မှုကို ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ ပြည်ပအလုပ်သမားရေးရာ စီမံခန့်ခွဲရေး ဉီးစီးဌာနက ကိုနိုင်ထွန်းဉီးထံက သိရပါတယ်။သူက “ ၂၀၂၂ ခုနှစ်အတွင်း တိုင်ကြားစာ ၂၉ စောင်လက်ခံရရှိပါတယ် ၁၉ မှု ဖြေရှင်းပြီးပါပြီ။ ၆ မှုက ဖြေရှင်းနေဆဲဖြစ်ပါတယ်။ ဖြေရှင်းပေးရန် ၄ မှုကျန်ပါတယ်။ အဲဒီအမှုတွေက ကာတာနိုင်ငံမှ ၁ မှု၊ ဒူဘိုင်းက ၂ မှု၊ ပြည်တွင်းက ၁ မှုပါ ” လို့ ဆိုပါတယ်။အဆိုပါ တိုင်ကြားရေး ယန္တရားကို ၂၀၂၁ ခုနှစ်၊ မေလက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အများအားဖြင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကိစ္စရပ်တွေကိုသာ ဖြေရှင်းပေးနိုင်သေးတယ်လို့ သိရပါတယ်။                                                                                                 

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version