Migrant Times Blog အလုပ်သမား သတင်း တရားမဝင်မြန်မာလုပ်သား ၈ ဦးနဲ့ မြန်မာပွဲစားတစ်ဦး ထိုင်းမှာ ဖမ်းဆီးခံရ
အလုပ်သမား သတင်း

တရားမဝင်မြန်မာလုပ်သား ၈ ဦးနဲ့ မြန်မာပွဲစားတစ်ဦး ထိုင်းမှာ ဖမ်းဆီးခံရ

တရားမဝင်မြန်မာလုပ်သား ၈ ဦးနဲ့ မြန်မာပွဲစားတစ်ဦး ထိုင်းမှာ ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၀ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၈ ဦးနဲ့ မြန်မာပွဲစားတစ်ဦးကို ရနောင်းခရိုင်ဒေသ ထိုင်းစစ်သားတွေက လုံခြုံရေးလှည့်ကင်းလုပ်ဆောင်​​နေစဥ် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၄ နာရီလောက်ကထိုင်းနိုင်ငံ၊ ရနောင်းခရိုင်အခြေစိုက် လုံခြုံပူးပေါင်းတပ်ဖွဲ့တွေက ကရာ့ဘူရီမြို့နယ်၊ သမုကျေးရွာ၊ အုပ်စု-၄မှာရှိတဲ့ ဆီအုန်းခြံတစ်ခြံမှာ ပူးပေါင်းတပ်တွေနဲ့ ကင်းလှည့်နေတုန်း လှေနဲ့ ရေလမ်းကြောင်းကနေ ဝင်လာတဲ့ မြန်မာလုပ်သား အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးမိခဲ့တာပါ။
  • ထိုင်းစစ်သားတွေ လှည့်ကင်းပြုလုပ်တဲ့ ဆီအုန်းခြံဟာမြစ်ကမ်းဘေးမှာ​တည်ရှိပြီး မြန်မာနိုင်ငံဘက်ကနေ ထိုင်းဘက်ကို ချဉ်းကပ်လာတဲ့ သံသယရှိလှေကို အဲဒီဆီအုန်းခြံကနေ စောင့်ကြည့်ကာ လာကြိုတဲ့ပွဲစားကားပေါ်မှာ တက်နေကြတဲ့အချိန် အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာပါ။ဖမ်းဆီးချိန်မှာ မြန်မာလုပ်သားတွေရော၊ သူတို့ကိုလာကြိုတဲ့ ပွဲစား​ရော ထွက်ပြေးဖို့ကြိုးစားပေမယ့် မအောင်မြင်ဘဲ ဖမ်းဆီးခံခဲ့ရတာပါ။မြန်မာလုပ်သား ၈ ဦးလုံးဟာ မော်လမြိုင်ဒေသခံတွေဖြစ်ပြီး ထားဝယ်မှာ ၅ ရက်ခန့်စောင့်ဆိုင်းပြီးနောက် ထိုင်းနိုင်ငံဘက်ကို သဘာဝလမ်းကြောင်းနဲ့ကူးလာကြတာဖြစ်ပါတယ်။
  • တရားမဝင်လုပ်သား ၈ ဦးကို လာကြိုတဲ့ မြန်မာပွဲစားဟာ ချွန်ဖွန်ခရိုင်ကလာတယ်လို့ အာဏာပိုင်တွေကို ထွက်ဆိုထားပါတယ်။မြန်မာလုပ်သား ၈ ဦးက သူတို့နဲ့အဓိကချိတ်ဆက်တဲ့ ပွဲစားကို ဘတ် တစ်သောင်းခွဲစီပေးရမှာဖြစ်ပြီး လာကြိုပေးတဲ့ပွဲစားကတော့ သယ်ယူပို့ဆောင်‌ပေးခအနေနဲ့ လုပ်သားတစ်ဦးကို ဘတ် ၁၅၀၀ နှုန်းရတယ်လို့ ဆိုပါတယ်။သူတို့ကို အ‌ရေးယူဖို့နဲ့ ဆက်စပ်သူတွေကို ဖော်ထုတ်ဖို့ ပါ့ကျန်ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version