Migrant Times Blog သတင်း စီးပွားရေး ထိုင်းတွေကို အလုပ်လက်မဲ့ဖြစ်စေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားစွဲခံရ
စီးပွားရေး

ထိုင်းတွေကို အလုပ်လက်မဲ့ဖြစ်စေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားစွဲခံရ

ထိုင်းတွေကို အလုပ်လက်မဲ့ဖြစ်စေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားစွဲခံရ

ဧပြီ ၃ရက်၊ Migrant Times
  • ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ အမှုပေါင်း ၂၀၀,၀၀၀ ကျော်ကို စစ်ဆေးခဲ့ရာ တရားစွဲဆိုခံရသူ ၁၅၅၀ ကိုတွေ့ရှိခဲ့ပြီးအဲဒီထဲက ၈၈၃ ဦးဟာ ထိုင်းအသက်မွေးဝမ်းကြောင်းအလုပ်နေရာတွေကို လုယူသူတွေဖြစ်တယ်လို့ သိရပါတယ်။အလုပ်သမားဝန်ကြီးဌာနက ကြိုတင်အကြောင်းကြားမှုမရှိဘဲ နိုင်ငံတဝန်း ကျပန်းသွားရောက်အရေးယူလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရှောင်တခင်စစ်ဆေးမှု ၁၈,၉၆၆ အနက် ၆၈၅ မှုကို တရားစွဲဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံခြားသား ၂၄၀,၉၁၈ ကို စစ်ဆေးခဲ့ရာ ၁၅၅၀ ကို တရားစွဲဆိုခဲ့ပြီး ၈၈၃ ဦးဟာ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်တွေကို လုယူသူတွေဖြစ်တယ်လိို့ သိရပါတယ်။
  • ထိုင်းလုပ်ငန်းရှင်တွေရဲ့ ၀င်ငွေ ထိခိုက်စေတဲ့ ထင်ရှားသော ခရီးသွား အချက်အချာကျ နေရာများနဲ့ စီးပွားရေးနေရာများမှာ ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေတဲ့ ရွှေ့ပြောင်းအလုပ်သမား အများအပြားကို တွေ့ရှိခဲ့ရတာကြောင့် အလုပ်သမားဦးစီးဌာနက အဲဒီနေရာတွေကို ရှောင်တခင်စစ်ဆေး အရေးယူခဲ့တာပါ။ အထူးသဖြင့် အလုပ်လုပ်ခွင့်မရှိဘဲ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေ အပေါ် ဥပဒေအရ တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့ အလုပ်တွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
  • ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အရေးယူလုပ်ဆောင်ချက်အရ စစ်ဆေးခံရတဲ့ နိုင်ငံခြားသားနှစ်သိန်းကျော်အနက် မြန်မာနိုင်ငံသား ၁၇၇,၁၃၄ ဦး၊ ကမ္ဘောဒီးယား ၄၀,၇၅၀ ဦး၊ လာအို ၁၂,၃၁၁ ဦး၊ ဗီယက်နမ်နဲ့ အခြားနိုင်ငံသား ၁၀,၅၈၃ ပါဝင်တယ်လို့ သိရပါတယ်။ တရားစွဲဆိုခံရတဲဲ့အထဲမှာ မြန်မာနိုင်ငံသားက ၈၄၆ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်နေရာတွေကို လုယူတဲ့စာရင်းမှာလည်း မြန်မာနိိုင်ငံသားက ၃၉၂ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။
ကိုးကား – Bangkok Post

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Exit mobile version