ရွေးကောက်ပွဲဝင် ထိုင်းနိုင်ငံရေးပါတီတွေရဲ့ရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးအဆိုပြုချက်များ
ဧပြီ ၁၀ ရက်၊ Migrant Times
- ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံမယ့်နိုင်ငံရေးပါတီ ၁၁ ပါတီက ကိုယ်စားလှယ်တွေဟာနိုင်ငံတကာ အသိုက်အဝန်းမှာ လူ့အခွင့်အရေး၊ လုံခြုံရေး၊ ရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး သူတို့ရဲ့သဘောထား အမြင်တွေကို ဧပြီလ ၆ ရက်ကတင်ပြဆွေးနွေးခဲ့ပါတယ်။ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်ပြီး ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲဝင် ထိုင်းနိုင်ငံရေးပါတီတွေရဲ့စီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးအဆိုပြုချက်တွေကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေ လေ့လာနိုင်ဖို့ တင်ပြလိုက်ပါတယ်။
၁။ ဖြူထိုင်းပါတီ – လက်ထောက်ဝန်ကြီးချုပ်ဟောင်း Chaturon Chaisang
– ၂၀၁၄ ခုနှစ် ထိုင်းအာဏာသိမ်းပြီး ကိုးနှစ်တာကာလအတွင်း ကမ္ဘာ့ဇာတ်ခုံမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍဟာ အလွန်နိမ့်ပါးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
– မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု လျှော့ချဖို့ မြန်မာအစိုးရအား ဖိအားပေးရန် နိုင်ငံတကာ ဖိုရမ်တွေကို ထိုင်းနိုင်ငံက အသုံးပြုသင့်တယ်လို့ ဆိုပါတယ်။
– လူဝင်မှုကြီးကြပ်ရေးကိစ္စေတွအတွက် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ B.E. 2522 ကို ပြင်ဆင်မှု အဆိုတင်သွင်းမယ်လို့ အဆိုပြုခဲ့ပါတယ်။
၂။ ဒီမိုကရက်တစ် ပါတီ Kiat Sitthiamorn
– ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူ အမျိုးအစားများစွာရှိပါတယ်။ ကီလိုမီတာ ထောင်ပေါင်းများစွာသော နယ်စပ်မျဉ်းဟာ ဒုက္ခသည်တွေ မလွှဲမရှောင်သာ ရောက်ရှိလာခြင်း မရှိပါဘူး။ ဒီအုပ်စုဟာ အခြေအနေများစွာဖြင့် စျေးကြီးကြီးပေးဆောင်ရမှာဖြစ်ပြီး ကျန်အုပ်စုကတော့ ယာယီရွှေ့ပြောင်းနေထိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
၃။ Chart Pattana Kla ပါတီခေါင်းဆောင်၏ အကြံပေးပုဂ္ဂိုလ် Woranai Vanichka
-“နေထိုင်ခွင့်နှင့် လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့်” ဟူသော လူ့အခွင့်အရေးမူကို လိုက်နာကြပြီး နယ်စပ်ဖြတ်ကျော်ကာ နေထိုင်ခွင့်ရှိတယ်လို့ မြင်ကြပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို ကူညီတယ်။ တရားဝင် အလုပ်သမားတွေ ပိုမိုလက်ခံမယ်။
၄။ တရားမျှတသောပါတီ – အထွေထွေအတွင်းရေးမှူး Kanvee Suebsang
– ရွှေ့ပြောင်းအလုပ်သမားတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံကို ပိတ်လိုက်တာဟာ မှန်ကန်တဲ့အချိန်မဟုတ်သေးပါဘူး။ အမျိုးသားရေးအစီအစဉ်မှာ ပေါ်လွင်စေရမယ်။ ရေရှည်ဗျူဟာတစ်ခုလိုတယ်။ ထိန်းချုပ်၊ စီမံခန့်ခွဲ၊ ကြီးကြပ်ပါ။ တည်ငြိမ်မှုကို အဓိက မထားပါနဲ့။ ဘယ်ပါတီဝင်မဆို သဘောထားပြောင်းရမယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ လူ့အခွင့်အရေးမူတွေကို အသုံးချပါ။
-ထိုင်းနိုင်ငံဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်များ အဆင့်အတန်းဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်မထိုးရသေးသော်လည်း ထိုင်းနိုင်ငံမှာ မျိုးဆက်ပေါင်းများစွာ ထိုင်းနယ်စပ်စခန်းတွေမှာ ဒုက္ခသည် ၉၁,၀၀၀ ကျော် နေထိုင်လျက်ရှိသည်မှာ နှစ်ပေါင်း ၄၃ နှစ်ကျော်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
၅။ ထိုင်းဆန်ထိုင်းပါတီ – အထွေထွေ အတွင်းရေးမှူး
စီတာ တိဝရီ- ကမ္ဘာ့နိုင်ငံများ၏ ၁ ရာခိုင်နှုန်း ခန့်ဟာ ရွှေ့ပြောင်းနေထိုင်သူများကို ပြုစုစောင့်ရှောက်ရန် နိုင်ငံတကာမှာ တာဝန်ရှိတယ်လို့ထောက်ပြပြီး မူလနိုင်ငံများ၊ ဒုတိယနဲ့ တတိယနိုင်ငံတွေဟာ ဘတ်ဂျက်နဲ့ အိမ်ရာေတွ ထောက်ပံ့ရမယ်လို့ ထောက်ပြပါတယ်။
၆။ ကောဝ်ကလိုင် တိုးတက်ရေးပါတီ – Pathum Thani ခရိုင် ၃ မှ အမတ်လောင်း Chonthicha Jangfast
– ကွင်းဆင်းလေ့လာမှုအရ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံမှာ ရှင်းလင်းပြတ်သားသော မူဝါဒမရှိဘူးလို့ မြင်ကြောင်း ပြောကြားခဲ့ပါတယ်။
