Migrant Times Blog အလုပ်သမား သတင်း စင်ကာပူမှာ PVပတ်စ်ပို့ကိုင်ထားတဲ့မြန်မာလုပ်သားတွေကို PJပတ်စ်ပို့ ပြောင်းပေးမယ်
အလုပ်သမား သတင်း

စင်ကာပူမှာ PVပတ်စ်ပို့ကိုင်ထားတဲ့မြန်မာလုပ်သားတွေကို PJပတ်စ်ပို့ ပြောင်းပေးမယ်

အောက်တိုဘာ ၂၄၊အရုဏ်ဦး
စင်ကာပူမှာ အလည်အပတ်ပတစ်ပို့(PV)ကိုင်ထားသူတွေ မြန်မာနိုင်ငံသားကို အလည်အပတ်ပြန်ရာမှာအခက်မတွေ့ရအောင် အလုပ်အကိုင်ပတ်စ်ပို့(PJ)ပြောင်းလဲပေးသွားမယ်လို့ စစ်ကောင်စီသံရုံးက ထုတ်ပြန်ထားပါတယ်။
စင်ကာပူနိုင်ငံမှာ PVပတ်စ်ပို့နဲ့ ရောက်ရှိအလုပ်လုပ်ကိုင်နေပြီး ဝင်ငွေအခွန်ပေးဆောင်ထားတဲ့မြန်မာလုပ်သားတွေ နေရပ်ပြန်ရာမှာအခက်မတွေ့ရအောင်ဆောင်ရွက်ပေးမှာလို့ ဆိုပါတယ်။
ပတ်စ်ပို့အမျိုးအစားပြောင်းလဲလိုသူတွေအနေနဲ့ သံရုံးရဲ့ whatsappကတဆင့်ရက်ချိန်းရယူနိုင်ပြီး အသွား/အပြန်လေယာဥ်လက်မှတ်၊သက်တမ်းရှိအလုပ်လုပ်ကိုင်ခွင့်ကတ်၊နိူင်ငံကူးလက်မှတ်၊ အလုပ်ရှင်/ကုမ္ပဏီရဲ့ခွင့်စာတင်ပြရမယ်လို့ ဖော်ပြထားပါတယ်။
ပတ်စ်ပို့အမျိုးအစားပြောင်းဖို့အတွက် အချက်အလက်ပြည့်စုံရင် နှစ်ပတ်လောက်ကြိုတင်ရက်ချိန်းယူရမှာဖြစ်ပြီး၊နာရေးလိုအရေးပေါ်ကိစ္စကြောင့် မြန်မာနိုင်ငံပြန်ရမယ့်သူတွေအနေနဲ့အချက်အလက်အပြည့်အစုံနဲ့ရုံးချိန် အတွင်းဝန်ဆောင်မူရယူနိုင်တယ်လို့ ဆိုပါတယ်။
“အလည်ပြန်မယ့်သူတွေအတွက်ကတော့PJပြောင်းဖို့လိုမယ်။အဲဒါမှပြန်ထွက်ဖို့လွယ်မှာ။PJပြောင်းရင်တော့မိသားစုဆီလွှဲပို့အထောက်အထားပြရမယ့်ပြသနာတော့ရှိတယ်။မပြန်ဖြစ်တဲ့သူတွေကတော့ဒီအတိုင်း PVပဲကိုင်ထားကြမှာ”လို့ စင်ကာပူရောက်မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံကို အလည်ပြန်ပြီး ပြန်ထွက်မယ့် Pvပတ်စ်ပို့ကိုင်ထားသူတွေလေဆိပ်မှာတားမြစ်ခံရတာတွေရှိလာပြီးနောက်အခုလို မူအပြောင်းအလဲရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version