Migrant Times Blog သတင်း ပတ္တရားတွင် မြန်မာအလုပ်သမားများက မြန်မာ ၁ ဦးကို ဝိုင်းထိုးကြိတ်
သတင်း အလုပ်သမား သတင်း

ပတ္တရားတွင် မြန်မာအလုပ်သမားများက မြန်မာ ၁ ဦးကို ဝိုင်းထိုးကြိတ်

စက်တင်ဘာ ၂၃ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ Soi VC လမ်းထဲတွင် စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၃နာရီ ၄၀ မိနစ်၌ မြန်မာအလုပ်သမား ၄ ဦးထက်မနည်းက အသက်၂၉ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ၁ ဦးအား ဝိုင်းထိုးကြိတ်ခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
လူမှုကွန်ရက်တွင် ပျံနှံနေသော ဓာတ်ပုံများအရ အဆိုပါဖြစ်ရပ်သည် လမ်းအဆုံးရှိ မြန်မာစားသောက်ဆိုင်အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လမ်းတစ်ဖက်ရှိ ဟိုတယ်ဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ မြန်မာအလုပ်သမား လေးဦးထက်မနည်းပါဝင်သည့်အဖွဲ့သည် မြန်မာ တစ်ဦးကို မြေပြင်ပေါ်တွင် လှဲကျပြီး လှုပ်ရှားမှုမရှိတော့သည့်အထိ လက်သီးဖြင့်ထိုးကာ ခြေထောက်များဖြင့် ကန်ကျောက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်သူများသည် ထွက်ပြေးသွားခဲ့ကြပြီး၊ ထိခိုက်ဒဏ်ရာရရှိသူကို ၎င်း၏သူငယ်ချင်းများက သယ်ဆောင်သွားခဲ့ကြကြောင်း သတင်းကဖော်ပြသည်။ ပတ္တရားမြို့ရဲများအဆိုအရ ဒဏ်ရာရရှိသူမှာ အသက် ၃၉ နှစ်ရှိ မြန်မာနိုင်ငံသားဖြစ်ကြောင်း ၊၎င်းသည် အရက်အလွန်အကျွံသောက်ထားသဖြင့် စကားပြောဆိုနိုင်ခြင်း မရှိခဲ့သည့်အတွက် ပတ္တရားမြို့ဆေးရုံသို့ ကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကိုးကား၊ဓာတ်ပုံ – thepattaya news
Exit mobile version