အလုပ်သမား ကာကွယ်ရေးဉပဒေ ဘီအီး ၂၅၄၁ (၁၉၉၈) ပုဒ်မ(၆) အပိုဒ် ၁ နှင့် ပုဒ်မ (၂၂)တို့အရ အလုပ်သမား၀န်ကြီးက ထုတ်ပြန်ထားသည့် အောက်ပါ ရေလုပ်ငန်းဆိုင်ရာနည်းဉပဒေပုဒ်မ အပိုင်း(၁) ကိုရုတ်သိမ်းလိုက်သည်၊၊
အပိုဒ်(၁) အဏ္ဏ၀ါငါးဖမ်းလုပ်ငန်းဆိုင်ရာ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဉီးစီဌာန နည်းပညာဉပဒေ ဘီအီး ၂၅၅၇ (၂၀၁၄)ခုနှစ်ကိုဖျက်သိမ်းလိုက်သည်၊၊
အပိုဒ်(၂) အဏ္ဏ၀ါငါးဖမ်းလုပ်ငန်းတွင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ဉီးစီးဌာနမှ စာအမှတ်(၂) ဘီအီး ၂၅၆၁(၂၀၁၈) ခုနှစ်၊ ၀န်ကြီးဌာနစည်းမျဉ်းစည်းကမ်းများ
“ပင်လယ်ငါးဖမ်းလုပ်ငန်း” ဆိုသည်မှာ ပင်လယ်ပြင်တွင် မည်သည့်နည်းလမ်းနှင့်မဆို ငါးဖမ်းသည့်လုပ်ငန်းများ(သို့မဟုတ်) ငါးဖမ်းသေ
ဘ်ာ “လှေ” များကို အသုံးပြုသည့်လုပ်ငန်းကိုဆိုလိုသည်၊၊
“လုပ်ငန်းရှင်” ဆိုသည်မှာ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဉပဒေနှင့်အညီ သတ်မှတ်ထားသည့်လုပ်ငန်းရှင်နှင့် လုပ်ငန်းရှင်က ငါးဖမ်းလှေကို အခြားသူအား အပြန်အလှန်အကျိုးစီးပွားအတွက် ဌားရန်အသုံးခွင့်ပေးထားသူ အပါအ၀င်ကိုဆိုလိုပါသည်၊၊
သို့ရာတွင်ငါးဖမ်းလှေပိုင်ရှင်က အခြားသူတစ်ဉီးအား သူ၏ငါးဖမ်းလှေကိုဌားရန်းထားခြင်း၊ ငါးဖမ်းသည့် လုပ်ငန်းစဉ်တွင် ငါးဖမ်းလှေပိုင်ရှင် အနေဖြင့်မပါ၀င်ပါက အထက်ဖော်ပြသည့် အချက်နှင့်မသက်ဆိုင်ပါ။ (ဆိုလိုသည်မှာ လှေပိုင်ရှင်က ဒီနေရာမှာ လှေကိုဌားထားပြီးဖြစ်လို့ သူကလုပ်ငန်းရှင်မဟုတ်တော့ပါ)
“လုပ်အားခ” ဆိုသည်မှာ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဉပဒေနှင့်အညီ ဖြစ်သည့် လုပ်အားခကို ဆိုလိုသည်၊ ဖမ်းဆီးရရှိသောငါးပမာဏအပေါ်မူတည်ပြီး လုပ်ငန်းရှင်က သတ်မှတ်ပေးထားသော အစုရှယ်ယာ နှုန်းလည်းအပါအ၀င်ဖြစ်သည်၊၊
“လှေသား” ဆိုသည်မှာ အဏ္ဏ၀ါင်းဖမ်းလုပ်ငန်းဉီးစီးဌာနက ချမှတ်ထားသည့် ဉပဒေနှင့်အညီဌားရမ်းထားသည့်အလုပ်သမားကိုဆိုလိုသည်၊၊
“ထိုင်းရေပိုင်နက်ပြင်ပတွင်ငါးဖမ်းခြင်း” ဆိုသည်မှာ အဏ္ဏ၀ါငါးဖမ်းလုပ်ငန်းဉီးစီဌာနက ချမှတ်ထားတဲ့ ဉပဒေနှင့်အညီ ထိုင်းရေပိုင်နက်ပြင်ပတွင် ငါးဖမ်းခြင်းကိုဆိုလိုသည်၊၊
အပိုဒ်(၃) ငါးဖမ်းလှေတွင် အသက်(၁၈) အောက် အလုပ်သမားအားခန့်အပ်ခြင်းမပြုရ
အပိုဒ်(၄) ငါးဖမ်းလှေပိုင်ရှင် (သို့မဟုတ်) ကပ္ပတိန်၏ သားသမီးနှင့်မွေးစားသားတို့က ငါးဖမ်းလှေတွင် အလုပ်သင်အဖြစ် လိုက်ပါလိုပါက ထိုင်းရေကြောင်းသွားလာမှုဆိုင်ရာ ဉပဒေအရ အလုပ်သင်လက်မှတ်ရှိရမှာဖြစ်ပြီး အသက် (၁၆) နှစ်အထက်ရှိရမှာဖြစ်သည်၊၊
အဆိုပါအလုပ်သင်အတွက် လှေတစ်စီးမှာ တစ်ဉီးသာအလုပ်သင်ခွင့်ပြုထားသလို အလုပ်သမားကာကွယ်စောငိ့ရှောက်ဉီးစီးဌာနနှင့် ဆိပ်ကမ်းဉီးစီးဌာနက ထုတ်ပြန်ထားသည့် ဉပဒေနှင့်အညီဖြစ်ရမည်၊၊
အပိုဒ် (၅) အလုပ်ရှင်သည် အလုပ်သမားကို အလုပ်ချိန် (၂၄)နာရီ အတွင်းမှာ အနားယူချိန်(၁၀)နာရီထက် မနည်းသော အချိန်ပေးရမည်၊၊
(၇) ရက် (တစ်ပတ်အတွင်း) အနားယူချိန် (၇၂) နာရီ နားချိန်ပေးရမည်၊၊
အလုပ်သမားစစ်ဆေးရေး၀န်ထမ်းမှ စစ်ဆေးနိုင်ရန် အနားယူချိန်ဇယားကိုပြုလုပ်ထားပေးရမည်၊၊
အရေးပေါ်အခြေအနေ(သို့မဟုတ်)အနားယူချိန်တွင် အလုပ်သမားကို အလုပ်ခိုင်းစေပါက အစားထိုးနားချိန် အမြန်ဆုံးပြန်လည်စီစဉ်ပေးရမှာဖြစ်သလို အစားထိုးနားချိန် အချိန်ဇယားကိုလည်း ပြုလုပ်ထားရမည်၊၊
အပိုဒ်(၇) ထိုင်းရေပိုင်နက်ဒေသတွင် တစ်နှစ်ထက်အချိန်ပို၍ ကြာမြင့်စွာငါးဖမ်းသည့် ငါးဖမ်းသဘောမှ အလုပ်သမားကို အလုပ်ရှင်က တစ်နှစ်လျှင်တစ်ကြိမ် ထိုင်းနိုင်ငံသို့ပြန်လည်ပို့ဆောင်ပြီး အလုပ်သမားစစ်ဆေးရေးအရာရှိနှင့်ပေးတွေ့ကာ အလုပ်သမား၏အလုပ်အကိုင်အခြေအနေနှင့် လုပ်ငန်းခွင်အခြေအနေများ စစ်ဆေးရမှာဖြစ်သည်၊ ငါးဖမ်းကြာမြင့်ချိန်ကာလကို ငါးဖမ်းထွက်သည့်နေ့မှစ၍ ရေတွက်ရမှာဖြစ်သည်၊၊
ဒုတိယအကြိမ်ငါးဖမ်းဖို့မထွက်ခင် လုပ်ငန်းရှင်မှ အလုပ်သမားကို အနားယူချိန်ပေးရမည်၊ ၁၄ရက်ထက်မနည်းသော နားခွင့်ကိုရမည်ဖြစ်သည်၊ခရီးသွားနေစဉ် အချိန်ကို နားရက်တွင် ထည့်သွင်းလို့မရပါ။
အပိုဒ်(၈) အလုပ်သမား(၁၀)ယောက်အထက်ရှိသော လုပ်ငန်းရှင်သည်၊ အလုပ်သမားစာရင်းကိုပြုစုထားရမှာဖြစ်သလို ထိုစာရင်းကိုလုပ်ငန်းခွင်တွင်သိမ်းဆည်းထားရမည်၊ အလုပ်သမားစာရင်းပြုလုပ်ရာတွင် အလုပ်သမား၀န်ကြီးဌာနမှညွှန်ကြားချက်နှင့် အညီဖြစ်ရမည်၊ အလုပ်သမားစစ်ဆေးရေး၀န်ထမ်းများကစစ်ဆေးပါက ပြသနိုင်ရမည်၊ လှေသားစာရင်းကိုလည်း ထိုင်းရေပိုင်နက်တွင် ဖြတ်သန်းသွားလာခွင့် ပြုလုပ်ထားသည့်ဉပဒေနှင့်အညီ လှေသားစာရင်းပြုလုပ်ရမည်၊၊
အပိုဒ်(၉) လုပ်ငန်းရှင်သည် အလုပ်သမားကို လုပ်အားခပေးချေထားသည့် စာရွှက်စာတမ်းအထောက်အထားနှင့် နားရက်မှာအလုပ်လုပ်ထားရသည့် လုပ်အားခအားပေးချေထားသည့် အထောက်အထားများကိုလည်း ပြုလုပ်ထားရမှာဖြစ်သလို ထိုင်းဘာသာနှင့်အတူ အလုပ်သမားဘက်က နားလည်နိုင်မည့်ဘာသာကိုအထောက်အထားတွင်ထည့်ရေးရမည်၊ ထိုအထောက်အထားများကို လုပ်ငန်းခွင်တွင်းမှာ သိမ်းဆည်းထားရမည်၊ သို့မှသာလျှင် အလုပ်သမား၏စစ်ဆေးရေး၀န်ထမ်းများက စစ်ဆေးနိုင်မှာဖြစ်သည်၊၊
ပြုလုပ်ထားရမည့်အထောက်အထားများမှာ အောက်ပါအတိုင်းဖြစ်သည်၊၊
(၁) အမည်နှင့်မျိုးရိုးအမည်
(၂) ရေလုပ်ငန်းတွင်လက်ရှိအလုပ်တာ၀န်
(၃) သတ်မှတ်ထားသည့် လုပ်အားခပိတ်ရက်တွေမှာ လုပ်ငန်းရှင်နှင့်အလုပ်သမား သဘောတူထားသည့် လုပ်အားခ၊ စုစုပေါင်းပေးချေရသည့်လုပ်အားခ၊ အလုပ်သမားတစ်ဉီးချင်းစီကို ပေးချေခဲ့သည့်စုစုပေါင်းလုပ်အားခ၊ ပုံမှန်လုပ်အားခနှင့် ပိတ်ရက်တွင်အလုပ်လုပ်ရတဲ့လုပ်အားခကို လုပ်ငန်းရှင်က ပေးချေပြီးနောက် သက်သေအဖြစ် အလုပ်သမားကို လက်မှတ်ထိုးထားခိုင်းရမည်၊
လုပ်အားခပေးချေပြီးနောက် ငွေချေထားတဲ့စာရွှက်စာတမ်းများကိ (၂)နှစ် သိမ်းဆည်းထားရမည်။
အပိုဒ်(၁၀) အလုပ်ရှင်သည် ၀န်ကြီးဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိပါက (သို့မဟုတ်) အငြင်းပွားဖွယ်ရာအမှုရှိလို့ တိုင်ကြားရန် အလုပ်သမားဉပဒေနဲ့ တရားစွဲတဲ့အခါ၊ အလုပ်ရှင်သည် အလုပ်သမားမှတ်ပုံတင်စာရင်းနှင့်လုပ်အားခ၊ ပိတ်ရက်လုပ်အားခ စသည့် စာရွှက်စာတမ်း အထောက်အထားများကိုအမှုစီရင် ပြီးဆုံးသည့်အချိန်ထိ သိမ်းဆည်းထားရမည်၊၊
အပိုဒ်(၁၁) လုပ်ငန်းရှင်သည် အလုပ်သမား၏ ပိတ်ရက်လုပ်အားခကို ၀န်ကြီးဌာနကညွှန်ကြားထားသည့်အတိုင်း ပေးချေရမည်၊ တစ်လတစ်ကြိမ်ဖြင့်လုပ်အားခကိုပေးချေရမည်။ ငါးဖမ်းရသည့်နှုန်းထားအလိုက် ဆုကြေးငွေ(သို့မဟုတ်) အစုရှယ်ရာကို ၃လအတွင်းကေးချေရမည်။
အပိုဒ်(၁၂) လုပ်ငန်းရှင်သည် အလုပ်သမား၏လုပ်အားခကို အစိုးရသတ်မှတ်ထားသည့် အနိမ့်ဆုံးတစ်နေ့တာ လုပ်အားခအား ရက် (၃၀)နှင့် မြှောက်ပြီးရသည့် လစာနှုန်းဖြင့် ပေးရမည်၊၊
အပိုဒ်(၁၃) လုပ်ငန်းရှင်သည် ပုံမှန်လုပ်အားခနှင့်ပိတ်ရက်လုပ်အားခကို အလုပ်သမား၏ ဘဏ်အကောင့်ထဲကိုလွဲပေးရမှာဖြစ်သလို ငွေလွှဲ၀န်ဆောင်ခကို လုပ်ငန်းရှင်က အကုန်ကျခံရမည်၊၊ အကယ်၍ အလုပ်သမားဖြစ်သူက အလုပ်ခန့်အပ်စာချူပ်တွင်ပါရှိသည့်အတိုင်း လွှဲပေးနိုင်သည့် သို့သော်လည်း ငွေလွှဲသည့် ၀န်ဆောင်ခကို လုပ်ငန်းရှင်က အကုန်ကျခံရမည်၊၊
အပိုဒ်(၁၄) လုပ်ငန်းရှင်သည် အလုပ်သမားတစ်ဉီးအား ပုံမှန်အားလပ်ရက်များရရှိစေရန် စီစဉ်ပေးရမည်။ တစ်နှစ်လျှင် ရက်သုံးဆယ်ထက် မနည်းသော အားလပ်ရက်ကို လုပ်ငန်းရှင်ကသတ်မှန်ထားပေးရမည်၊ (သို့မဟုတ်) လုပ်ငန်းရှင်နှင့် အလုပ်သမားသဘောတူညီထားသည့်အတိုင်းဖြစ်ရမည်၊၊
အလုပ်သမားကို အစိုးရသတ်မှတ်ထားသည့် အနိမ့်ဆုံးလုပ်ခလစာ ထက်မနည်းဘဲပေးရမည်၊ အကယ်၍ အနိမ့်ဆုံးလုပ်အားခထက် ပို၍ပေးထားပါက သတ်မှတ်ထားသည့်အတိုင်းပေးဆောင်ရမည်၊၊
အလုပ်သမားကိုအားလပ်ရက်မှာ အလုပ်ခိုင်းပါက သတ်မှတ်ထားသည့် လုပ်အားခထက် တစ်ဆပို၍ပေးရမည်၊၊
အလုပ်သမားကို အားလပ်ရက်မှာ အလုပ်ခိုင်းပါက သတ်မှတ်ထားသည့် လုပ်အားခထက် တစ်ဆပို၍ပေးရမည်၊၊
အပိုဒ်(၁၅) အလုပ်သမားသည် အမှန်တကယ်ဖျားနာနေသ၍ ဖျားမာခွင့်ကိုခံစားခွင့်ရှိသည်၊ အလုပ်ရှင်သည် အလုပ်သမားဖျားနာခြင်းအတွက် အလုပ်သမားအား လုပ်ခလစာပုံမှန်ပေးဆောင်ရမည်၊၊ ခွင့်ရက်တစ်လျှောက်လုံး ပုံမှန်လုပ်အားခအတိုင်းပေးရမည်၊၊
ချွင်းချက်။ တစ်နှစ်လျှင် (၃၀) ရက်သာ ဖျားနာခွင့်အတွက်လုပ်အားခကိုရရှိမှာဖြစ်သည်၊၊
အပိုဒ်(၁၆) အလုပ်သမားသည်လုပ်ငန်းခွင်အကြောင်းကြောင်းကြောင့် နိုင်ငံခြားတွင်ကျန်ရှိခဲ့သော် ကျန်ရှိသည့်ကာလအတွင်း လုပ်ငန်းရှင်မှ အနိမ့်ဆုံး လုပ်အားခနှုန်း၏ ၅၀ရာခိုင်နှုန်းထက် မနည်းသောလုပ်အားခကိုပေးရမည်၊၊ အကယ်၍ အနိမ့်ဆုံးလုပ်အားခနှုန်းထက်ပိုသော လုပ်အားခကို အလုပ်သမားနှင့်သဘောတူထားပါက သဘောတူထားသည့် နှုန်းမတိုင်းပေးဆောင်ရမည်၊၊
အပိုဒ်(၁၇) ငါးဖမ်းလှေပေါ်တွင်နေသည့်ကာလပတ်လုံး လုပ်ငန်းရှင်သည် ကျန်းမာရေးနှင့်ညီညွှတ်သော သောက်ရေသန့်နှင့်စားနပ်ရိက္ခာကို လုံလောက်စွာ ပံ့ပိုးပေးရမည်၊၊
လုပ်ငန်းရှင်သည် ရှေးဉီးသူနာပြုစုရန် လိုအပ်သော အခြေခံဆေး၀ါးများကို ငါးဖမ်းလှေပေါ်တွင် အလုပ်လုပ်ရင်း နေထိုင်သည့် ကာလပတ်လုံးနှင့်အလုပ်သမားဉီးရေ အပေါ်မူတည်ပြီး လုံလောက်စွာပံ့ပိုးပေးရမည်၊၊ ငါးဖမ်းသဘောသည် တန်ချိန် (၆၀) အထက်ဖြစ်ပါက ငါးလုပ်ငန်းဉီးစီးဌာနက ထုတ်ပြန်ထားသည့်အညီ ငါးဖမ်းသဘောပေါ်တွင် အိမ်သာရှိရမည်၊၊
ငါးလုပ်ငန်းဉပဒေနှင့်အညီ အစားအသောက်၊ သောက်ရေ၊ ဆေး၀ါးနှင့်အိမ်သာများကို လုပ်ငန်းရှင်ကဆောင်ရွှက်လျက်ရှိပါက လုပ်ငန်းရှင်သည် ဉပဒေနှင့် လုပ်ဆောင်သည်ဟုမှတ်ယူမည်ဖြစ်သည်၊၊
အပိုဒ်(၁၈) ထိုင်းရေပိုင်နက်ပြင်ပ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်အနေဖြင့် ၈ြိုလ်တုဆက်သွယ်ရေးစနစ်ဖြင့် ဆက်သွယ်သည့် နှုန်းတစ်ဆယ် (အမ်ဘီ)အထက်ရှိရမည်ဖြစ်ပြီး အလုပ်သမားဖြစ်သူမှ အစိုးရဌာနဆိုင်ရာနှင့် မိသားစုထံပြန်လည်ဆက်သွယ်နိုင်ရန်ဖြစ်သည်၊၊
အလုပ်သမားသည်မိသားစုထံကို တစ်လတွင် (၁၅)မိနစ် အနည်းဆုံးဆက်သွယ်နိုင်ရမည်၊၊ အဆိုပါဆက်သွယ်ရေးကိရိယာများနှင့် ကုန်ကျစရိတ်များကို လုပ်ငန်းရှင်မှ အကုန်ကျခံရမည်၊၊
ဆက်သွယ်ရေးကိရိယာ(သို့မဟုတ်) ၈ြိုလ်တုဆက်သွယ်ရေးစနစ်အားအသုံးပြုလို့မရသည်ဖြစ်စေ၊ချို့ယွင်းသည်ဖြစ်စေ ပြန်လည်ပြုပြင်နေစဉ်ကာလအတွင်း လုပ်ငန်းရှင်အနေဖြင့် လိအပ်သည့်ကိရိယာများကို အစားထိုးပေးရမည်၊၊ လုပ်ငန်းရှင်သည် ငါးလုပ်ငန်း ဉီးစီးဌာနက သတ်မှတ်ထားသော ပင်လယ်ရေးကြောင်းကယ်ဆယ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေး နံပါတ်များကိုအလွယ်တကူ မြင်သညသည့်နေရာတွင် ရှင်းလင်းစွာ အလွယ်တကူမြင်တွေ့နိုင်ရန်စီစဉ်ထားရမည်၊၊
အပိုဒ်(၁၉) လုပ်ငန်းရှင်သည် အလုပ်သမားကို အလုပ်အလုပ်မှီငါးဖမ်းသဘောပေါ်ရှိ စက်ကိရိယာ၊ လုပ်ငန်းခွင်အခြေအနေ၊ ငါးဖမ်းကိရိယာ၊ ကျန်းမာရေး၊ အရေးပေါ်ကယ်ဆယ်ရေးအထောက်အကူပစ္စည်း အစရှိသည့် လိုက်နာရမည့်အချက်နှင့်သုံးစွဲနည်းများကို အရင်ရှင်းပြရမည်၊၊ အကယ်၍ လုပ်ငန်းရှင်ဘက်မှ အလုပ်သမားကိုသင်ကြားရှင်းလင်းပေးပြီးပါက ငါးလုပ်ငန်းဉီးစီးဌာန၏ စည်းမျည်းစည်းကမ်း အတိုင်းလိုက်နာဆောင်ရွှက်ခဲ့ပြီးကြောင်း သတ်မှတ်ပေးမည်ဖြစ်ပါသည်၊၊
အပိုဒ်(၂၀) ရေလုပ်ငန်းပိုင်းဆိုင်ရာ အလုပ်ခန့်အပ်စာချုပ်နှင့် အလုပ်သမားစာရင်းကို ၂၀၀၄ ခုနှစ်က အလုပ်သမားကားကွယ်စောင့်ရှောက်ရေးဉီးစီးဌာန ထုတ်ပြန်ခဲ့သော်လည်း စာအမှတ်(၂) ၂၀၁၈ နှစ်တွင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာနက ပြန်လည်ဖြည့်စွက်ပြင်ဆင်ခဲ့သည်၊ လုပ်ငန်းရှင်သည် နောက်ဆုံးထုတ်ပြန်ထားသည့် အလုပ်ခန့်အပ်စာချူပ်နှင့်အလုပ်သမားစာရင်းကို ထုတ်ပြန်ချက်အတိုင်း ပြုလုပ်ပြီးပါက ၀န်ကြီးဌာနစည်းကမ်းချက်နှင့် ဆောင်ရွှက်ပြီးပြီဖြစ်ကြောင်းသတ်မှတ်ပေးရမှာဖြစ်သည်၊၊
အလုပ်ခန့်အပ်စာချုပ်သက်တမ်း ကုန်ဆုံးပါက အသစ်ပြန်လည်ခန့်အပ် ချုပ်ဆိုရမှာဖြစ်သည်၊၊
မှတ်ချက်၊၊ ယခင် ၂၀၁၄ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်များက ထုတ်ပြန်ထားသည့် ရေလုပ်ငန်းသား ကာကွယ်ရေး ထုတ်ပြန်ချက်မှ အချို့သောအချက်များသည် လက်ရှိလုပ်ငန်းခွင်နှင့် သင့်လျှော်မှု မရှိသောကြောင့်အသစ်ထုတ်ပြန်ခြင်းဖြစ်သည်၊၊ ရေလုပ်ငန်းပိုင်းဆိုင်ရာကဏ္ဏတွင် အလုပ်သမားများအားပိုမို၍ ကာကွယ်စောင့်ရှောက်နိုင်ခြင်း၊ နိုင်ငံတကာမှ သတ်မှတ်ထားသော ဉပဒေနှင့်အညီ တရားမ၀င်လူကုန်ကူးမှုများကို ကျစေရန်ယခုထုတ်ပြန်ချက်အား ပြန်လည် ဖြည့်စွက်ပြင်ဆင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်၊၊