စက်တင်ဘာ ၂၆ ၊ Migrant Times ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်တွင် တက္ကစီဖြင့် လိုက်ပါလာသော မြန်မာအမျိုးသမီးတစ်ဦးသည် အရေးပေါ်မီးဖွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာအမျိုးသမီးတစ်ဦးသည် တက္ကစီဖြင့် လမ်းကျွံမှု ဖြစ်ပွားရာနေရာအနီးရှိ ဗချိရဆေးရုံ (Vajira Hospital) သို့အသွားတွင် မီးဖွားလုနီးပါး ဖြစ်ခဲ့ပြီး
အရေးပေါ် အကူအညီတောင်းခံခဲ့သည်။
ဆမ်ဆင် (Sam Sen) ရဲစခန်းမှ ယာဉ်ထိန်းရဲများကလမ်းရှင်းရန်လာရောက်ခဲ့သော်လည်း မြန်မာအမျိုးသမီးသည် အရေးပေါ်မီးဖွားရန်လိုအပ်နေသည့်အတွက် စေတနာ့ဝန်ထမ်း အရာရှိများနှင့် ယာဉ်ထိန်းရဲများက ကလေးမွေးရန်ကူညီပေးခဲ့ကြောင်းသိရသည်။
မြန်မာအမျိုးသမီးသည် မိန်းကလေးငယ်ကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီး လူနာတင်ယာဉ်ဖြင့် ဗချိရဆေးရုံသို့ မိခင်နှင့် ကလေး နှစ်ဦးစလုံးကို အလျင်အမြန် ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။