အောက်တိုဘာ ၁ဝ ၊ Migrant Times ။
နယ်မြေအငြင်းပွားမှုကြောင့် ထိုင်းနိုင်ငံမှ ပြန်လာကြသည့် ကမ္ဘောဒီးယား အလုပ်သမား ၉၀၀,၀၀၀ ခန့်သည် အလုပ်အကိုင် ရှားပါးမှုများဖြင့် ရင်ဆိုင်နေရကြောင်း ကမ္ဘောဒီးယား အရပ်ဖက်အဖွဲ့ ၁၈ ခုက သတိပေးထုတ်ပြန်သည်။
COVID-19 ကပ်ရောဂါ ကာလအတွင်းကလည်း ကမ္ဘောဒီးယား အလုပ်သမား ၂၆၀,၀၀၀ ခန့် ထိုင်းမှပြန်လာခဲ့ဖူးပြီး ယခုအကြိမ်သည် မကြုံတွေ့ဖူးသော အခြေအနေဖြစ်ကြောင်း အရပ်ဖက်အဖွဲ့များကပြောသည်။
နေရပ်ပြန်လာ ကမ္ဘောဒီးယားအလုပ်သမား အများအပြားသည် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အပါအဝင် အရေးပေါ် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နေရပ်ပြန် ကမ္ဘောဒီးယား အလုပ်သမားများအား ငွေကြေးအကူအညီ တိုးမြှင့်ပေးရန်၊ အရေးပေါ်စားနပ်ရိက္ခာ အကူအညီပေးရန်နှင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ တိုးမြှင့်ပေးရန် တောင်းဆိုထားသည်။
စိုက်ပျိုးရေးလုပ်ငန်းနှင့် အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး ကဏ္ဍများတွင် ယာယီ အလုပ်များပေးရန်၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုများနှင့် အစားအသောက်ဆိုင်ရာ အတွေ့အကြုံရှိသောလုပ်သား များအား ကျွမ်းကျင် လက်မှတ်များ ထုတ်ပေးရန်ကမ္ဘောဒီးယား အရပ်ဖက်အဖွဲ့ များကအကြံပြုသည်။
ကမ္ဘောဒီးယား အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ Sun Mesa က နေရပ်ပြန်အလုပ်သမားများအား အလုပ်အကိုင် အစီအမံ ၁၁ ခုအပါအဝင် အစိုးရ၏ဆောင်ရွက်ဆဲ လုပ်ငန်းများတွင် အလုပ်အကိုင်သစ် ၃၈၀,၀၀၀ အထိ ဖန်တီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ပြောကြားသည်။
ဓာတ်ပုံ – ထိုင်းနယ်စပ်မှထွက်ခွာခဲ့ကြသည့် ကမ္ဘောဒီးယား အလုပ်သမားများ။
Ref/Photo – pptvhd36
Website https://www.migranttimes.com/