Migrant Times Blog သတင်း မြန်မာ အမျိုးသမီးလုပ်သား ၁ ဦး ခြေထောက်ဆုံးရှုံးမှုအတွက် လျော်ကြေး ဘတ် ၁ သိန်းခွဲရ
သတင်း အလုပ်သမား သတင်း

မြန်မာ အမျိုးသမီးလုပ်သား ၁ ဦး ခြေထောက်ဆုံးရှုံးမှုအတွက် လျော်ကြေး ဘတ် ၁ သိန်းခွဲရ

အောက်တိုဘာ ၁ဝ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊နခွန်ပထုံခရိုင်၊နခွန်ချိုင်စီမြို့ရှိကျောက်ပြားစက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား အလုပ်သမား မမေဇော်လင်းသည် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃ရက်နေ့၌ လုပ်ငန်းခွင်အတွင်း ကားနှင့်တိုက်မိကာ ညာဘက်ခြေတောက်ကြိတ် ခံခဲ့ရသည်။
မမေဇော်လင်းသည် မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရပြီး ဒဏ်ရာရသည့်ခြေတောက် အလယ်ထိဖြတ်ပစ်ခံ့ရသည့်အတွက် နစ်နာ‌‌ကြေးပြန်လည်ရရှိရန် ယခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် WAG အလုပ်သမားမဟာမိတ်ထံ အကူညီတောင်းခဲ့သည်။
“ကျွန်တော်တို့က မြို့နယ် ကျဟာငန်းရုံး(အလုပ်အကိုင်ဌာန)တွေသွားတယ်။ အဓိကတော့သူမှာ ပကန်စခွန်(လူမူဖူလုံရေးအာမခံ)မရှိတာပေါ့နော်၊ အစိုးရက ရက် ၃၀ အတွင်း သူရဲ့ သတ်မှတ်နှုန်းလျော်ပေးရမယ်လို့ပြောတာပေါ့။ကျွန်တော်တို့ကတော့ ဘတ် ၅သိန်းလို့ပြောထားတယ်” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။
သို့သော်လည်း မမေဇော်လင်းက ပကန်စခွန်မှမှရရှိမည့် နစ်နာကြေးကို မစောင့်နိုင်တော့သဖြင့် အောက်တိုဘာ ၈ရက်နေ့တွင် စက်ရုံသူဌေးနှင့် ညှိနှိုင်းကာ နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေဘတ် ၁၅ဝ,ဝဝဝ ရယူပြီး အမှုပိတ်သိမ်းခဲ့ကြောင်း WAG အဖွဲ့က ထုတ်ပြန်သည်။
ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမား ၅ ဦးသည် လုပ်ငန်းခွင့် ထိခိုက်မှုကြောင့် ခြေလက်အင်္ဂါ အချို့ဆုံးရှုံးခဲ့ပြီး ၎င်းတို့အား နစ်နာကြေးရရန် အကူအညီပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ကထုတ်ပြန်ထားသည်။
Photo – WAG
Exit mobile version