Migrant Times Blog သတင်း ထိုင်းတွင် ဆောင်းရာသီ အဝင်နောက်ကျမည် ဘန်ကောက်မြို့တွင် မိုးသည်းထန်မှုအတွက် ပြင်ဆင်ထားကြရန် သတိပေး
သတင်း

ထိုင်းတွင် ဆောင်းရာသီ အဝင်နောက်ကျမည် ဘန်ကောက်မြို့တွင် မိုးသည်းထန်မှုအတွက် ပြင်ဆင်ထားကြရန် သတိပေး

အောက်တိုဘာ ၁ဝ ၊ Migrant Times ။
ထိုင်းနိုင်ငံတွင် ယခုလနှောင်းပိုင်းမှသာ ဆောင်းရာသီ စတင်မှာဖြစ်ပြီး အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနကထုတ်ပြန်သည်။
ထိုင်းမိုးလေဝသဌာနက အလယ်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းပြည်နယ်များနှင့် ဘန်ကောက်မြို့တွင်နေထိုင်သူများအား မိုးသည်းထန်စွာ ရွာသွန်းမှုအတွက် ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးထားသည်။
ထိုင်းမိုးလေဝသဌာနက ယခုနှစ် ဆောင်းရာသီသည် ပုံမှန်ထက် နှစ်ပတ်ခန့် နောက်ကျနိုင်ပြီး အောက်တိုဘာလနှောင်းပိုင်းမှ စတင်ကာ ဖေဖော်ဝါရီလ နှောင်းပိုင်းအထိဆောင်းရာသီကာလ ကြာမြင့်နိုင်ကြောင်း ထုတ်ပြန်သည်။
ယခုနှစ်ဆောင်းရာသီသည် ပြီးခဲ့သည့်နှစ်ဝန်းကျင် အေးမည်မဟုတ်ဘဲ မြောက်ပိုင်းဒေသများ၏ အနိမ့်ဆုံးပျမ်းမျှအပူချိန်သည် ပြီးခဲ့တဲ့နှစ်က ၂၁ ဒီဂရီစင်တီဂရိတ် ရှိခဲ့သော်လည်း ယခုနှစ်တွင် ၂ဝ ဒီဂရီစင်တီဂရိတ်ခန့်သာရှိမည်ဟု ခန့်မှန်းထားသည်။
ထိုင်းတွင် လာမည့် ၂၄ နာရီအတွင်း မိုးရွာသွန်းမှု တိုးလာနိုင်ပြီး ဘန်ကောက်နှင့်အနီးတစ်ဝိုက်အပါအဝင် အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသတွေများတွင် မိုးသည်းထန်နိုင်ကြောင်း သိရသည်။ မုတ်သုံလေတန်းသည် အလယ်ပိုင်းအောက်ပိုင်းနှင့် အရှေ့ပိုင်းကို ရွေ့လျားသွားခြင်း၊ အနောက်တောင်မုတ်သုံလေသည် အန္ဒမန်ပင်လယ်တောင်ပိုင်းနှင့် ထိုင်းပင်လယ်ကွေ့ကို ဖြတ်သန်းနေခြင်းတို့ကြောင့် ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာနကထုတ်ပြန်သည်။
Photo – The Nation
Exit mobile version