Migrant Times Blog သတင်း ဘန်ကောက်တွင် မြန်မာအလုပ်သမား ၃၀ ဦး လုပ်အားခ ပုံမှန်မရ
သတင်း အလုပ်သမား သတင်း

ဘန်ကောက်တွင် မြန်မာအလုပ်သမား ၃၀ ဦး လုပ်အားခ ပုံမှန်မရ

အောက်တိုဘာ ၁၄၊ Migrant Times။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ နခွန်ချိုင်စီ အတွင်းရှိဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၃၀ ဦးအား အလုပ်ရှင်က လုပ်အားခများပုံမှန် မထုတ်ပေးခြင်းကြောင်း အခက်အခဲဖြစ်ပေါ်နေကြောင်း ကူညီပေးနေသည့် WAG အဖွဲ့ကထုတ်ပြန်သည်။

ထိုအလုပ်သမားများသည် လုပ်သက်အများဆုံး ၂ နှစ်သက်တမ်းရှိပြီး အလုပ်ရှင်က လုပ်အားခ ပုံမှန်မထုတ်ပေးခြင်း၊ အပြည့်ဝမပေးခြင်း၊ စာရွက်စာတမ်းများကို သိမ်းဆည်းထားခြင်း၊ ဘတ်မရှိသူများကို ဘတ်ရိုက်ပေးမည်ဟုဆိုကာ ဘတ် ၂၀,၀၀၀ ကျော် ဖြတ်ထားပြီး မလုပ်ပေးခြင်း စသည့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရကြောင်း WAG အဖွဲ့ကပြောသည်။

“အခု ဒီနေ့တော့ ကျွန်တော်တို့ နယ်မြေခံ ဆဝါဒီကန်ရုံး(အလုပ်သမားရုံး)မှာ အမှုဖွင့်တိုင်းကြားနေတယ်။ လက်ရှိကတော့ ဒီအခြေအနေပဲရှိသေးတယ်” ဟု WAG အဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။

မြန်မာအလုပ်သမားများသည် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရသည်ကို မကျေနပ်သည့်အတွက် အောက်တိုဘာ ၇ ရက်နေ့တွင် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူညီတောင်းခဲ့ကြောင်း သိရသည်။

Photo – WAG

Exit mobile version