Migrant Times Blog သတင်း ထိုင်းတွင် ဘဏ်အကောင့်တစ်ခု ဘတ် ၁၆,ဝဝဝ ဖြင့် ရောင်းချသူကိုဖမ်းမိ
သတင်း

ထိုင်းတွင် ဘဏ်အကောင့်တစ်ခု ဘတ် ၁၆,ဝဝဝ ဖြင့် ရောင်းချသူကိုဖမ်းမိ

အောက်တိုဘာ ၁၅ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ပြည်နယ် ၊စမွတ်စခွန်မြို့ ခေါက်ကရဘူးရပ်ကွက်တွင် ထိုင်းနိုင်ငံဖွား အသက် ၂၀ အရွယ် နိုင်ငံခြားသား ၁ ဦးအား ဘဏ်အကောင့်များရောင်းချမှုဖြင့် ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

၎င်းသည် ဘဏ်အကောင့်တစ်ခု(ဘဏ်စာအုပ်တစ်အုပ်) ကို ဘတ်ငွေ ၁၂,၀၀၀ ဖြင့် နိုင်ငံခြားသားများထံမှ ဝယ်ယူခဲ့ပြီး ဘန်ကောက်ရှိ call center ဂိုဏ်းများနှင့် အွန်လိုင်းလောင်းကစား ၀က်ဘ်ဆိုဒ်များထံသို့ ဘတ် ၁၆,၀၀၀ ဖြင့် ရောင်းချခဲ့သည်ဟု၀န်ခံ ထွက်ဆိုထားကြောင်းရဲတပ်ဖွဲ့ကပြောသည်။

မစ္စတာ ဂျီရာဒက်ဟုအမည်ရသည့် နိုင်ငံခြားသားထံတွင် လိမ်လည်မှုနှင့် ဆက်နွယ်သည့် ဘဏ်စာအုပ် ၃၆ အုပ် ၊ ATM ကတ် ၈၆ ကတ် နှင့် စိတ်ကြွဆေးပြား ၆၄ ပြား သိမ်းဆည်းရမိကြောင်း စမွတ်စခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် Thiradej Athiphakkun က ပြောသည်။

မစ္စတာ ဂျီရာဒက်အား နည်းပညာဆိုင်ရာ မှုခင်းများတားဆီးရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

Photo – Kon Lui Khao

Exit mobile version