Migrant Times Blog သတင်း ထိုင်းတွင် မြန်မာအလုပ်သမား ၁၁ ဦး လုပ်အားခ ဘတ် ၂ သိန်းခွဲကျော် မရ
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် မြန်မာအလုပ်သမား ၁၁ ဦး လုပ်အားခ ဘတ် ၂ သိန်းခွဲကျော် မရ

နိုဝင်ဘာ ၇ ၊Migrant Times။

ထိုင်းနိုင်ငံ၊ဆာလာဘူလီခရိုင်၊နောင်ခဲမြို့ရှိ ကြွေထည်စက်ရုံတွင် အလုပ်အလုပ်နေသည့် မြန်မာ အလုပ်သမား ၁၁ ဦး၏ လုပ်ခလစာများ မရရှိသည့်အတွက် ကူညီမှုပေးနေကြောင်း WAG အဖွဲ့က ထုတ်ပြန်သည်။

၎င်းတို့အား အလုပ်ရှင်က အောက်တိုဘာလ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၁၅ ရက်အတွက် လစာ ဘတ် ၂၅၃,၀၀၀ မရှင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

“အလုပ်လောလောဆယ်တော့ အလုပ်သမားတွေနဲ့ မြို့နယ်ဆာဝါဒီကန်မှာ ကျွန်တော်တို့တိုင်ကြားနေတုန်းရှိသေးတယ်။ဖောင်ဖြည့်နေတုန်းဆိုတော့ အတိအကျမသိသေးဘူး” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။

ထိုအလုပ်သမားများသည် ၄င်းစက်ရုံတွင် အလုပ်လုပ်နေသည်မှာ ၃ လမှ ၈ နှစ်အထိ သက်တမ်းရှိကြပြီးစက်ရုံတွင် လုပ်အားခ ပုံမှန်မရခြင်း၊ လုပ်အားခထွက်ရက်မမှန်ခြင်း စသည့်အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်းများ ခံနေရသည်ဟု WAG အဖွဲ့မှ သိရသည်။

မြန်မာ အလုပ်သမားများသည် လုပ်အားခပြန်လည်ရရှိရေးအတွက် WAG အဖွဲ့ထံ နိုဝင်ဘာလ ၃ ရက်နေ့၌ အကူညီတောင်းခံခဲ့ကြောင်း သိရသည်။

Photo – WAG

 

Exit mobile version