နိုဝင်ဘာ ၁၉၊ Migrant Times။
ထိုင်းနိုင်ငံ ၊ စမူပကန်မြို့ရှိ အလုပ်ရုံတစ်ခုတွင် အလုပ်ဖြုတ်ခံရသော မြန်မာအလုပ်သမား၂ဝ၂ ဦး၏လုပ်အားခများပြန်လည်ရရှိခဲ့သော်လည်း သက်တမ်းတိုးထားသည့် အထောက်အထား စာရွက်စာတမ်းများမရသေးကြောင်း ကူညီပေးနေသည့် WAG အဖွဲ့ကထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ မြန်မာအလုပ်သမားများ၏လုပ်အားခများပြန်လည်ရရှိရန် နိုဝင်ဘာလ ၁၄ ရက်နေ့၌ မြို့နယ်ဆဝါဒီကန်တွင် သွားရောက်ညှိနှိုင်းခဲ့ရာ အလုပ်သမားများ၏ နစ်နာကြေး ၁ ဦးလျှင် ဘတ် ၆၅ဝဝ ရရှိခဲ့ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နေ့စားလုပ်အားခများနှင့်အချိန်ပိုကြေးများ ထပ်မံရရှိခဲ့ကြောင်း သိရသည်။
“လျော်ကြေးကိစ္စတော့ ပြီးသွားပြီ ၊ လောလောဆယ်တော့ စာရွက်စာတမ်းပဲ ကျန်တော့မယ် ၊ Name List ဗီဇာသော်(သက်တမ်းတိုး)တဲ့ လူတွေကို သူတို့ဘက်က ဆက်လုပ်ပေးမယ် ၊ ဘန်ကျန့်အော Name List သမားတွေကတော့ တစ်ပတ်စောင့်ရမယ်” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။
မြန်မာအလုပ်သမား၂၀၂ ဦး၏ လုပ်ခနစ်နာကြေးများပြန်ရရန်အတွက် ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း – FED နှင့်ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။

