Migrant Times Blog အလုပ်သမား သတင်း နိုင်ငံတကာ မဲဆောက်ရောက် မြန်မာလူငယ်များ မလုံခြုံမှုများ ဆက်လက်ခံစားနေရ
နိုင်ငံတကာ

မဲဆောက်ရောက် မြန်မာလူငယ်များ မလုံခြုံမှုများ ဆက်လက်ခံစားနေရ

နိုဝင်ဘာ ၂၁ ၊ Migrant Times ။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ၌ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့သို့ တိန်းရှောင်လာကြသည့် မြန်မာလူငယ်များသည် မလုံခြုံမှုများ ဆက်လက်ခံစားနေရကြောင်း ချင်းမိုင်မြို့ တနေရာ၌ ယနေ့(နိုဝင်ဘာလ ၂၁)ကျင်းပခဲ့သည့် အစီရင်ခံစာမိတ်ဆက်ပွဲတွင် သုတေသနပြုလုပ်ခဲ့သူက ပြောကြားသည်။

အဝေးရောက်ဧရာဝတီအသင်း (OIA)ကစီစဉ်သည့် “ ညှိုးနွမ်းလာသော မျှော်လင့်ချက်များ – ၂ဝ၂၁ ခုနှစ် နောက်ပိုင်း မဲဆောက်သို့ရောက်လာသည့် မြန်မာလူငယ်များ၏ ပြောင်းရွေ့မှုဆုံးဖြတ်ချက်များ၊ အတွေ့အကြုံများနှင့် မျှော်မှန်းချက်များကို လေ့လာခြင်း”အမည်ရ သုတေသနအစီရင်ခံစာမိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ သံသရာထဲကိုလည်နေရတာ တချို့ကလည်း ဒီဘတ်လုပ်ဖို့မတတ်နိုင်တဲ့ လူငယ်တွေအများကြီးရှိတယ် ။ အလုပ်မရှိဘူး ဆိုလို့ရှိရင် ဘတ်မရှိရင် ပုလိမ်ဖမ်းခံထိမှာစိုးရိမ်ရတယ်……. ယယီကာကွယ်မှုရဖို့ အထောက်အထားနဲ့ပတ်သက်ပြီးတော့ ဈေးသက်သာရမယ် ။ ဘာလို့လဲဆိုတော့ အကုန်လုံးကဈေးကြီးတာတွေမလုပ်နိုင်ဘူး လက်လှမ်းမှီရမယ် ။ တချို့က ဘယ်လိုလုပ်ရမလဲတောင်မသိဘူး ၊ ပြည်တွင်းပဲပြောပြော အမျိုးသားအဆင့်ပဲပြောပြောစဉ်းစားပေးဖို့ အကြံပြုထားတယ်” ဟု အစီရင်ခံစာ သုတေသနပြုလုပ်ခဲ့သူက Migrant Times ကိုပြောကြားသည်။

၎င်းသုတေသနအစီရင်ခံစာသည် ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပြောင်းရွေ့နေထိုင်နေသည့် မြန်မာပြည်သား ရွေ့ပြောင်းလူငယ်များ၏ လက်တွေ့ အတွေ့အကြုံများကို လေ့လာထားခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မဲဆောက်မြို့ရောက်လာသည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းကြား ရွှေ့ပြောင်းလူငယ် ၂၉ ဦးနှင့် အဓိကသတင်းပေးသူ (Key Informants) ၃ ဦး၏ အတွေ့အကြုံများအပေါ် အခြေခံ၍ ပြုစုထားကြောင်း အဝေးရောက်ဧရာဝတီအသင်းမှသိရသည်။

“ အကြီးမားဆုံးစိန်ခေါ်ချက် ကတော့ ရဲဖမ်းခံရမှာကို အဆက်မပြတ်ကြောက်နေတာပဲ ။ ရဲတွေစစ်တာတွေ ဖမ်းတာတွေ ပိုမိုဆိုးလာတော့ တနေရာကနေ တနေရာကိုသွားလာရတာ မလုံခြုံတော့ဘူး” ဟုမဲဆောက်မြို့တွင်နေသည့်အသက် ၂၇ နှစ်အရွယ် မြန်မာအမျိုးသမီး ၁ ဦးက သုတေသနအစီရင်ခံစာတွင်ပြောကြားခဲ့သည်။

မြန်မာလူငယ်များသည် အကြမ်းဖက်ခံရမည်ကို ကြောက်ရွံ့မှု၊ နိုင်ငံရေး မတည်ငြိမ် မှု နှင့် ပညာရေးမကောင်းမှုကြောင့်သာ ရွှေ့ပြောင်းလာကြပြီး မဲဆောက်မြို့အရောက်တွင် တရားဝင်နေထိုင်ခွင့်အထောက်အထား စိန်ခေါ်ချက်၊ အလုပ်အကိုင်၊ ဘာသာစကားအတားအဆီး နှင့် ခွဲခြားဆက်ဆံမှုများကြုံနေရသည်ဟု အဝေးရောက်ဧရာဝတီအသင်း၏ ညှိုးနွမ်းလာသော မျှော်လင့်ချက်များအမည်ရ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Photo – မဲဆောက်မြို့တွင် တရားမဝင် ဆိုက်တွဲများကို ဖမ်းဆီးနေသည့်မြင်ကွင်း။ (ပုံဟောင်း)

Exit mobile version