Migrant Times Blog သတင်း “ တရက်တာ ရွှေ့ပြောင်းရေးရာ သတင်း”
သတင်း အလုပ်သမား သတင်း

“ တရက်တာ ရွှေ့ပြောင်းရေးရာ သတင်း”

နိုဝင်ဘာ ၂ဝ ၊ Migrant Times ။

– ထိုင်းနိုင်ငံ၊ ချွန်ဘူလီခရိုင် ၊ဘန်းဘင်မြို့ရှိ စက်ရုံတရုံတွင် မြန်မာအလုပ်သမား ၁ ဦး သည် ယမန်နေ့ည ၁၀ နာရီခန့်တွင် မတော်တဆဖြစ်ကာ ဖော့ကြိတ်စက်ထဲသို့ ဝင်သွားပြီး ကြိတ်မိကာသေဆုံးခဲ့ကြောင်း ၎င်း၏နစ်နာကြေးရရန် ကူညီပေးနေသည့် WAG အဖွဲ့က ထုတ်ပြန်သည်။ ထိုင်းသတင်းများဖော်ပြချက်အရ ၎င်းစက်ရုံတွင်အလုပ်လုပ်နေသည့် အသက် ၂၄ နှစ်အရွယ်မြန်မာအလုပ်သမားသည် နာရီပေါင်းများစွာ အလုပ်လုပ်ခဲ့ရသဖြင့် အိပ်ငိုက်ကာ ကြိတ်စက်ထဲသို့ ပြုတ်ကျသွားခြင်းဖြစ်ကြောင်းသိရသည်။

– ထိုင်းနိုင်ငံ ဖစ်ပူလီခရိုင်ရှိ သံစက်ရုံတစ်ခု၌ အလုပ်လုပ်ကိုင်နေသော အသက် ၂၃ နှစ်အရွယ် မြန်မာလုပ်သား ၁ ဦးသည် နိုင်ဝင်ဘာလ ၁၈ ရက်နေ့ ညနေ၌ အလုပ်ချိန်အတွင်း ဖော့ကလစ်ကား(forklift)မောင်းစဉ် မတော်တဆဖြစ်ကာ တိမ်းမောက်၍ ဆုံးပါးသွားခဲ့ပြီး နစ်နာကြေးရရန်အတွက်ကူညီပေးနေကြောင်း MHAC မဟာမိတ်အဖွဲ့ထုတ်ပြန်သည်။

– ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ် ၊ ရွှေကုက္ကိုလ် နယ်မြေအတွင်း ရှင်းလင်းဖော်ထုတ်မှုများပြုလုပ်နေပြီး မြန်မာနိုင်ငံအတွင်းသို တရားမဝင် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ၆၁၁ ဦးနှင့် Online လိမ်လည်မှုများ ကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း ၁၉၆၅၀ လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။ ၎င်းတို့အနက် ပြည်ပနိုင်ငံသား ၂၀၀ ဦးကို ကနဦးစစ်ဆေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်နေကြောင်းထုတ်ပြန်သည်။

Exit mobile version