Migrant Times Blog အလုပ်သမား သတင်း အခုရက်ပိုင်း ထိုင်းမှာ ဖမ်းဆီးခံနေရတဲ့ မြန်မာလုပ်သားတွေ နေရပ်ပြန်ပို့ခံရနိုင်ဖွယ်ရှိ
အလုပ်သမား သတင်း

အခုရက်ပိုင်း ထိုင်းမှာ ဖမ်းဆီးခံနေရတဲ့ မြန်မာလုပ်သားတွေ နေရပ်ပြန်ပို့ခံရနိုင်ဖွယ်ရှိ

အခုရက်ပိုင်း ထိုင်းမှာ ဖမ်းဆီးခံနေရတဲ့ မြန်မာလုပ်သားတွေ နေရပ်ပြန်ပို့ခံရနိုင်ဖွယ်ရှိ

မတ် ၂၀ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရပြီး မြန်မာနိုင်ငံပြန်ပို့ခံရနိုင်ဖွယ်ရှိတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက ယူဆနေပါတယ်။“ အခုက တစ်ခါဖမ်းမိရင် ဆယ်ဂဏန်းလောက်ရှိနေတော့ သူတို့လည်း ထိန်းသိမ်းရတာ အခက်အခဲရှိတာမျိုး ရှိတယ်ထင်တယ်။ ကျွန်တော်တို့ ကြားထားတာတော့ ရာဂဏန်းလောက်ရှိလာရင် ရနောင်းကနေ ပြန်ပို့မယ်ပေါ့ ” လို့ AAC (မဟာမိတ်) အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနေလင်းသူက ဆိုပါတယ်။
  • အခုနှစ်ဆန်းပိုင်းကစလို့ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ ရာနဲ့ချီရှိနေနိုင်ပြီး ဒါဟာ နိုင်ငံကူးလက်မှတ်တွေ အလွယ်တကူလုပ်လို့မရနိုင်တာနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက သုံးသပ်နေကြပါတယ်။ထိုင်းနိုင်ငံ ပရကျွပ်ခီရီခန်ခရိုင်နဲ့ ကချနဘူရီခရိုင်အတွင်း မတ်လ ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက်တွေမှာ တရားမဝင် ဝင်‌ရောက်တဲ့ မြန်မာနိုင်ငံသားစုစုပေါင်း ၈၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ရနောင်းကိုပို့ဆောင်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ဒီလူတွေကို သယ်ဆောင်လာတဲ့ ကားကိုမောင်းနှင်တဲ့ ထိုင်းနိုင်ငံသားတွေကိုလည်း လူကုန်ကူးမှုနဲ့ အမှုဖွင့်ထားတယ်လို့ ထိုင်းအာဏာပိုင်တွေ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
(ထိုင်းတွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို နေရပ်ပြန်ပို့စဥ်)

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version